အခုတလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတွေထဲ ရန်ကုန်မြို့က ကျားဖြန့်ဆေးခန်းတွေအကြောင်းလည်း ပါဝင်ပါတယ်။
အွန်လိုင်းကနေ ကြော်ငြာပြီး လူနာတွေကို ငွေကြေး အဆမတန် တောင်းကာ လိမ်လည်လှည့်ဖြား ဆေးကုတာကြောင့် ဒီဆေးခန်းတွေကို ကျားဖြန့်ဆေးခန်းလို့ ခေါ်ကြတာပါ။
‘ကျားဖြန့်’ ဆိုတာ တရုတ်ဘာသာစကားအရ ‘အလိမ်အညာ’ လို့ အဓိပ္ပာယ်ရပါတယ်။
အလိမ်အညာဆေးခန်းဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်သူတွေက လည်ပတ်နေပြီး ဘယ်သူတွေကို ပစ်မှတ်ထားနေသလဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Healthcare Influencer တစ်ယောက်ဖြစ်တဲ့ ဒေါက်တာသူရိန်လှိုင်ဝင်း ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း – ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



