အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဥရောပနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအထိ စစ်ဘောင်ချဲ့ဖို့ အီရန် ခြိမ်းခြောက်လာ

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတိုက်ပြီးတဲ့နောက်  အီရန်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံအချို့က ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်လာရာမှာ  စစ်ပွဲဟာ ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာဆိုရင် ၁၁ ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အခုအခါမှာ   ဥရောပနိုင်ငံတွေဘက်က စစ်ရေးအရ ပါဝင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို “စစ်ကြေညာတာ” လို့ပဲ အီရန်က သတ်မှတ်မှာ ဖြစ်တဲ့အကြောင်းနဲ့ ဥရောပမြို့ကြီးတွေကို ပစ်မှတ်ထားပြီး ပြန်တိုက်ခိုက်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်နေမှုတွေအပေါ်  “ခုခံကာကွယ်တဲ့ အစီအစဉ်တွေ” လုပ်ဆောင်သွားမယ်လို့ ဥရောပနိုင်ငံအတော်များများက ပြောဆိုလာပြီးတဲ့နောက်မှာ အီရန်အစိုးရရဲ့ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 ဥရောပနိုင်ငံတွေရဲ့ အခုလိုလုပ်ဆောင်လာမှုဟာ တိုက်ရိုက် ရန်စတာဖြစ်ပြီး အီရန်ရဲ့ တုံ့ပြန် တိုက်ခိုက်မှုတွေကို ဥရောပနိုင်ငံတွေက မြို့ကြီးတွေအထိ ကျယ်ပြန့်သွားစေလိမ့်မယ်လို့လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါအီ (Esmail Baghaei) က ဆိုပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button