အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘုတလင်တွင် ဆေးရုံကို စစ်တပ်ဗုံးကြဲ၊ ၃ ဦးထက်မနည်း သေဆုံး

ယနေ့ နံနက်ပိုင်းက နေပြည်တော် လွှတ်တော်အစည်းအဝေးတွင် ဒုသမ္မတလောင်း အမည်စာရင်းများ တင်သွင်းခဲ့ပြီး အစိုးရသစ်ဖွဲ့ရန် ခြေလှမ်းပြင်နေချိန် တစ်ဖက်တွင်လည်း ခုခံတော်လှန်မှု အားကောင်းရာ စစ်ကိုင်းတိုင်းတွင် စစ်တပ်က ဆေးရုံကိုပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကြိုးကိုင်သည့် ရုပ်သေးအစိုးရသစ်ဖွဲ့ရန် ကြိုးပမ်းနေချိန် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ဆေးရုံတစ်ခုကို ယနေ့ (မတ်လ ၃၀ ရက်) နေ့လယ်ပိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။ 

ယနေ့ နံနက်ပိုင်းက နေပြည်တော် လွှတ်တော်အစည်းအဝေးတွင် ဒုသမ္မတလောင်း အမည်စာရင်းများ တင်သွင်းခဲ့ပြီး အစိုးရသစ်ဖွဲ့ရန် ခြေလှမ်းပြင်နေချိန် တစ်ဖက်တွင်လည်း  ခုခံတော်လှန်မှု အားကောင်းရာ စစ်ကိုင်းတိုင်းတွင် စစ်တပ်က ဆေးရုံကိုပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

ဘုတလင်မြို့၊ မြောက်ဘက်ခြမ်းရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားရာ နယ်မြေရှိ ဆေးရုံတစ်ခုကို ယနေ့ (မတ်လ ၃၀ ရက်) နေ့လယ် ၁ နာရီဝန်းကျင်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးလေးလုံးထက်မနည်းကြဲခဲ့ရာ လူနာများအပါအဝင် သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ 

ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ထိုနေရာကိုပင် နောက်တစ်ကြိမ်ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

“ထိခိုက်ဒဏ်ရာရတဲ့သူကလူနာတွေ၊ တောက်လျှောက်ကယ်ထုတ်နေရတာ။ (နောက်တစ်ကြိမ်က) ကယ်ဆယ်ရေးလုပ်နေတဲ့ နေရာကိုပဲကြဲတာ”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာနှင့်ကပ်လျှက်ရှိနေသည့် ဘုတလင်မြို့နယ်တွင် ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး စစ်တပ်က မြို့ပေါ်၌သာ ခြေကုပ်ယူထားနိုင်သည်။ 

လေကြောင်းတိုက်ခိုက်ခံရသည့်နေရာအနီးဝန်းကျင်တွင် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများကြား မြေပြင်တိုက်ပွဲမရှိသလို စစ်တပ်ကလည်း စစ်ကြောင်းမရှိဟု ဒေသခံတို့ကဆိုသည်။ 

မတ်လ တတိယပတ်ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သက်ကြီးပိုင်း တစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီအကျပ်အတည်း ဖြစ်နေချိန်တွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအရှိန်သည် လျော့မသွားဘဲ အရပ်သားပစ်မှတ်များ ဖြစ်သည့် ဘုန်းကြီးကျောင်း၊ ဆေးရုံတို့ကို လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လတစ်လတည်းတွင် ပြည်သူ ၃၀၀ ကျော်သေဆုံးခဲ့ရသည်။

လူထုကို အကြောက်တရားသွင်းရန်ရည်ရွယ်ချက်ဖြင့် အရပ်ဘက် ပစ်မှတ်များကို ဦးတည်တိုက်ခိုက် မှုများလုပ်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသူများကို သုံးသပ်သည်။ 

Related Articles

Back to top button