အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာနောင်းရဲ့တပတ်တာအတွင်း သတင်းအစီအစဉ်

မြန်မာနောင်းရဲ့ တစ်ပတ်တာအတွင်း ထူးထူးခြားခြား ရှိခဲ့တဲ့ သတင်းတွေကို တင်ဆက်ပေးမယ့် အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်ထဲမှာတော့ သမ္မတအိမ်မက် လက်တွေ့ဖြစ်လာတဲ့ မင်းအောက်လှိုင်က စစ်ဗိုလ်ချုပ် အာဏာပါးကွက်သားတွေကို သူကောင်းပြုကာ အစိုးရအဖွဲ့ထဲ ထည့်လိုက်ပြီး ဒီနေ့မှာဘဲ လွှတ်တော်မှာ ကိုယ့်ဟာကိုယ်ခန့်တဲ့ သမ္မတရာထူးအတွက် ကတိသစ္စာပြုခဲ့ပါတယ်။

 စစ်အာဏာသိမ်းပြီးချိန်မှာ မြန်မာပြည်သူသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စစ်တပ်ဆီလွှဲပေးခဲ့တဲ့ တယ်လီနောကို နော်ဝေမှာ တရားစွဲထားပါတယ်။

KIO/KIA ဒုတိယဉက္ကဌ ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးမှာ TNLA၊ MNDAA၊ SSPP တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်တပ်ရဲ့ ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉ဦး သေဆုံးခဲ့ရတဲ့ သတင်းတွေကို ပြောပြပေးမှာပါ။

တင်ဆက်-သဇင်လှိုင် တည်းဖြတ်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button