အီရန်နိုင်ငံမှာ အခုနှစ် ဇန်နဝါရီလ အရေးအခင်းတွေ ဖြစ်ခဲ့ချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန် ပြည်သူတွေအနေနဲ့ အစိုးရရုံးတွေကို သိမ်းပိုက်ဖို့ လှုံ့ဆော်ခဲ့သလို အမေရိကန်ရဲ့ အကူအညီတွေ လာနေပြီလို့ ပြောခဲ့ပါတယ်။
ထရမ့်ဆီက အထောက်အပံ့ ရမယ်လို့ ယုံကြည်ခဲ့ကြလို့ ဆန္ဒပြသူ သောင်းနဲ့ချီပြီး အစိုးရရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
ဗုံးကြဲနေတုန်း အိမ်ထဲမှာပဲ နေကြဖို့၊ အချိန်တန်ရင် လမ်းမပေါ်ထွက်ပြီး အစိုးရကို ဖြုတ်ချဖို့ ပြောမယ်လို့ အဲဒီတုန်းက ထရမ့်က ပြောခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး သတင်းပတ် ငါးပတ်ကြာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားပြီးနောက် ဧပြီလ ၇ ရက်နေ့မှာတော့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက ကြေညာခဲ့ပါတယ်။
ဒီလိုကြေညာပြီးနောက်ပိုင်းမှာ ပြင်သစ်အခြေစိုက် France 24 သတင်းဌာနက အီရန်နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီအပစ်အခတ်ရပ်စဲရေးကြောင့် စိတ်ပျက်၊ ကြောက်ရွံ့၊ ဒေါသထွက်သူတွေရဲ့ စကားသံတွေကို ကြားခဲ့ရပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



