အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အရှေ့တောင်အာရှနိုင်ငံတွေရုရှားလောင်စာဆီအပေါ်အားကိုးတာဟာယာယီလို့ ကျွမ်းကျင်သူများပြော

အရှေ့တောင်အာရှနိုင်ငံတွေက ရုရှားဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့လောင်စာတွေကိုဝယ်ဖို့ မျက်စိကျနေကြတာဟာ နိုင်ငံတကာရေးရာ ပြဿနာတွေထက် ကိုယ့်နိုင်ငံထဲမှာ ဆီပြတ်လပ်နေတာကို အမြန်ဖြေရှင်းဖို့ ပိုဦးစားပေးလိုက်တဲ့ သဘောပဲလို့ သုံးသပ်သူတွေက ဆိုပါတယ်။

အနောက်နိုင်ငံတွေက ရုရှားကို စီးပွားရေးပိတ်ဆို့ထားပေမဲ့ အမေရိကန်က ဧပြီ ၁၇ မှာ ရေနံဝယ်ယူခွင့် သက်တမ်းတိုးပေးလိုက်ပါတယ်။

  ဖေဖော်ဝါရီလကစဖြစ်တဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာမှာ လောင်စာဆီတွေ ရှားပါးကုန်တာကို သက်သာအောင်လို့ အမေရိကန်က အခုလို ယာယီခွင့်ပြုပေးတာလို့ ဆိုပါတယ်။  

လောင်စာအတွက် ရုရှားအပေါ်မှာပဲ အားကိုးနေရင် ရေရှည်မှာ ရုရှားရဲ့ အလိုကျဖြစ်သွားနိုင်သလို ရုရှားနဲ့ မဟာမိတ်ဖြစ်တဲ့ အီရန်ရဲ့ တိုက်ခိုက်တာကို ခံနေရတဲ့  အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့လည်း ပြဿနာတက်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဟော့မုဇ်ရေလက်ကြား   ပိတ်နေတာကြောင့် လောင်စာဆီနဲ့ ဂတ်စ် တစ်ဝက်ကျော်ကို အရှေ့အလယ်ပိုင်းကနေ အားကိုးနေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ ဆီပြတ်လပ်မှုက တကယ့်လက်ငင်းပြဿနာကြီး ဖြစ်နေချိန်မှာ   ဈေးလည်းသက်သာပြီး အဆင်သင့်ရနိုင်တဲ့ ရုရှားဆီကနေ ဝယ်ယူဖို့ အလုအယက် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button