အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ သမ္မတတွေကို ပစ်မှတ်ထားလုပ်ကြံခံရတာ အရင်ကတည်းက ရှိခဲ့ပေမယ့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ အရေအတွက်ကတော့ ပိုများနေပါတယ်။
ဧပြီ ၂၅ ရက်က ဒေါ်နယ်ထရမ့်ကို တတိယအကြိမ် ထပ်ပြီး တိုက်ခိုက်ခံရတာဟာ အမေရိကန်နိုင်ငံမှာ ရှေးကတည်းကရှိခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းကြောင်းကို တစ်ကျော့ပြန် သတိထားမိစေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၄၅ နှစ်က ရီပတ်ပစ်ကင်သမ္မတ ရော်နယ် ရေဂင်ဟာလဲ အခုနောက်ဆုံး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဝါရှင်တန်ဟီလ်တန် (Washington Hilton) ဟိုတယ်မှာပဲ မအောင်မြင်ခဲ့တဲ့ လုပ်ကြံခံရမှုကို ကြုံတွေ့ခဲ့ရပါတယ်။
Deakin တက္ကသိုလ်က နိုင်ငံရေးပါမောက္ခ ဂျော့ရှ် ရိုဆေးကတော့ Josh Roose က အမေရိကန်နိုင်ငံရေးလောကမှာ သမ္မတတွေနဲ့ နိုင်ငံရေးသမားတွေ လုပ်ကြံခံရတာဟာ ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပြီး ဒါက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် ထရမ့်ကိုပဲ ခဏခဏ လုပ်ကြံဖို့ ကြိုးစားနေကြတဲ့ အကြိမ်ရေကတော့ တော်တော်လေးကို များနေတယ် လို့ ပြောပါတယ်။
ဒီလိုလုပ်ကြံမှုတွေမှာ အရင်တုန်းကတော့ လက်ယာစွန်း အစွန်းရောက်တွေက အများဆုံး လုပ်ဆောင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ လက်ဝဲစွန်း အစွန်းရောက်တွေကပါ လိုက်လုပ်လာတာ တွေ့ရတယ် လို့လည်း ဒေါက်တာ ရိုဆေးက ပြောပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



