အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရဲ့ Washington Hilton ဟိုတယ်မှာ ဧပြီ ၂၅ ရက်ညက ကျင်းပခဲ့တဲ့ “အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ” ဟာ သေနတ်သမားတစ်ဦးရဲ့ ဝင်ရောက် နှောက်ယှက်မှုကြောင့် ဝရုန်းသုန်းကား ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒီဟိုတယ်ဟာ အခုလိုသတင်းထောက်များအသင်း ညစာစားပွဲကို ဆယ်စုနှစ်ပေါင်းများစွာ လက်ခံကျင်းပပေးခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အခုပြုလုပ်ခဲ့တဲ့ “အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ” ကို အမေရိကန်မှာ ‘စာဂျပိုးတွေရဲ့ ကပွဲ’ (Nerd Prom) လို့ တင်စားပြီး ခေါ်လေ့ရှိကြပါတယ်။
ဒီပွဲကို စာဂျပိုးတွေလို့ တင်စားခံရတဲ့ ဝါရှင်တန်ဒီစီက နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေနဲ့ သတင်းထောက်တွေ တစ်နှစ်မှာ တစ်ကြိမ် စုံစုံလင်လင် ဆုံကြတဲ့ပွဲဖြစ်သလို ဟောလိဝုဒ်က နာမည်ကြီး မင်းသား၊ မင်းသမီးတွေပါ တက်ရောက်လေ့ရှိကြပါတယ်။
ပစ်ခတ်မှုတွေအတွင်းမှာ ရဲအရာရှိတစ်ယောက် သေနတ်ထိမှန်ခဲ့ပေမဲ့ ကျည်ကာအင်္ကျီ ဝတ်ထားလို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
သေနတ်သမား ကိုးလ် အယ်လန်က ဒီ တိုက်ခိုက်မှုမပြုလုပ်ခင် သူရဲ့ မိသားစုကို ပေးပို့တဲ့ မက်ဆေ့ချ်မှာ သူ့ရဲ့ ပစ်မှတ်တွေဟာ “ရာထူးအဆင့် အမြင့်ဆုံးကနေ အနိမ့်ဆုံးအထိ ဖြစ်တယ်လို့ ဖော်ပြခဲ့သလို သူ့ရဲ့ ၁,၀၀၀ ခန့်ရှိတဲ့ မှတ်တမ်းတစ်ခုမှာလည်း ထရမ့်ရဲ့ အမည်ကို တိုက်ရိုက်မဖော်ပြပေမယ့် “သစ္စာဖောက်တစ်ယောက်ရဲ့ ရာဇဝတ်မှုတွေနဲ့ ငါ့လက်တွေကို အစွန်းအထင်း မခံနိုင်တော့ဘူး” လို့ ရေးသားခဲ့ပါတယ်။
လာမယ့် ဇွန်လမှာ အသက် ၈၀ ပြည့်တော့မယ့် ထရမ့်ကတော့ အခုပျက်သွားခဲ့တဲ့ ညစာစားပွဲကို နောက်တစ်ကြိမ် ပြန်ကျင်းပပေးမယ်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ကတိပေးထားပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



