အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

Yangon 2026 – ရှင်သန်ဖို့ပဲ ကြိုးစားနေရတဲ့မြို့

တစ်ချိန်က “မအိပ်တဲ့မြို့” လို့ ခေါ်ခဲ့တဲ့ ရန်ကုန်ဟာ အခုတော့ မီးပြတ်၊ ရေပြတ်၊ မလုံခြုံမှုတွေနဲ့ ရှင်သန်ဖို့ပဲ ကြိုးစားနေရတဲ့ မြို့တစ်မြို့ ဖြစ်လာနေပါတယ်။

ညဘက်စောစော တိတ်ဆိတ်သွားတဲ့ လမ်းတွေ၊ နေ့စဉ်ကြုံနေရတဲ့ စိုးရိမ်မှုတွေနဲ့အတူ ရေမရ မီးမလာတဲ့ အထပ်မြင့်တိုက်ခန်း ဘဝတွေက မြို့ခံတွေရဲ့ နေ့စဉ်ဖြတ်သန်းမှု ဖြစ်လာခဲ့ပါတယ်။

စီးပွားရေးအကျပ်အတည်း၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေအပြင် လူငယ်တွေ မြို့ကနေစွန့်ခွာနေတဲ့ အခြေအနေတွေကြားမှာ ရန်ကုန်ဟာ အရင်ကလို အနာဂတ်ကို စီမံကိန်းချတဲ့မြို့ မဟုတ်တော့ဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

ဒီရုပ်သံမှာတော့ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း ပြောင်းလဲသွားတဲ့ ရန်ကုန်မြို့ရဲ့ နေ့စဉ်ဘဝအခြေအနေတွေကို မြို့ခံတွေရဲ့ အသံတွေနဲ့အတူ တင်ဆက်ထားပါတယ်။

ကိုလှိုင်း/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button