၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ (Ushuaia) မြို့ကနေ စုစုပေါင်း လူ ၁၄၆ ဦး နဲ့ စတင် ထွက်ခွာလာခဲ့တဲ့ နယ်သာလန်နိုင်ငံက အပျော်စီးသင်္ဘော MV Hondius ပေါ်မှာ ကြွက်တွေကနေ စတင်တဲ့ Hantavirus ဗိုင်းရပ်စ် ကူးစက်မှုကို တွေ့ရှိခဲ့ပြီးတော့ အခုအခါမှာ ဒီသင်္ဘောပေါ်က ခရီးသည်အားလုံးကို စပိန်ုနိုင်ငံက ကနေရီ ကျွန်းမှာ ချပေးခဲ့ပြီး သင်္ဘောကိုတော့ ပိုးမွှားသန့်စင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့ ကို ဆက်လက် ခုတ်မောင်းသွားပြီလို့ သိရပါတယ်။
ဧပြီလ ၁၁ ရက်နေ့က သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ဦး ဖျားနာသေဆုံးခဲ့တဲ့အပေါ် စစ်ဆေးခဲ့ရာမှာ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကြောင့် ဖြစ်တယ်လို့ ကောက်ချချခဲ့ပါတယ်။
သူရဲ့ရုပ်အလောင်းကို ဧပြီလ ၂၄ ရက်နေ့က တောင်အတ္တလန်တိတ်သမုဒ္ဒရာထဲက မီးတောင်ကျွန်းလေးတစ်ခုဖြစ်တဲ့ စိန့်ဟယ်လီနာ (Saint Helena) မှာ ချခဲ့ပြီး၊ သူရဲ့ဇနီးသည်ဟာ အဲဒီကျွန်းမှာပဲ သင်္ဘောပေါ်ကနေ ဆင်းခဲ့ပါတယ်။
ဇနီးဖြစ်သူဟာ နောက် နှစ်ရက်အကြာမှာပဲ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့ က ဆေးရုံတစ်ခုမှာ ဆေးကုသရင်းနဲ့ သေဆုံးသွားခဲ့ပါတယ်။
တတိယမြောက် ခရီးသည်တစ်ဦးကလည်း သင်္ဘောပေါ်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကြောင့် သေဆုံးသူ ၃ ဦး၊ ဖျားနာသူ ၈ ဦး ရှိသွားပြီလို့ သိရပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



