မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ စစ်ရှိန် သိသိသာသာ မြင့်တက်လာနေပါတယ်။ အင်အားထောင်ချီ အသုံးပြုပြီး လမ်းကြောင်းအချက်အချာတွေ၊ စိုးမိုးကုန်းတွေ၊ ရခိုင်နဲ့ ချင်းပြည်နယ် ဝင်ပေါက်ဒေသတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီက မကွေးတိုင်းကို အခြေပြုပြီး ရခိုင်နဲ့ ချင်းဘက် စစ်ရေးဖိအား ပြန်တိုးလာနိုင်တယ်လို့ CDM တပ်အရာရှိတွေနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေက သုံးသပ်နေကြပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ ချင်းကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေ၊ လက်နက်စက်ရုံတွေရှိတဲ့ ဒေသတွေကို အလုံးအရင်းနဲ့ စိုးမိုးဖို့ ကြိုးစားလာတာဟာ စစ်ရေးဗျူဟာ ပြောင်းလဲလာတဲ့ လက္ခဏာအဖြစ် မြင်နေကြတာပါ။
လက်ရှိမှာ မကွေးတိုင်းအတွင်း ဒေသအများအပြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနည်းပညာတွေအပါအဝင် အင်အားအလွန်အကျွံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒေသခံထောင်ချီဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သဇင်လှိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



