၁၉၈၈ လူထုအရေးတော်ပုံကာလ ရန်ကုန်လမ်းမတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ ကျောင်းသားခေါင်းဆောင်တယောက်အဖြစ် လူသိများတဲ့ ဦးမင်းကိုနိုင်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးနယ်မြေတနေရာမှာ ရှိနေပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ လူငယ်ဘဝ အချိန်အများစုကို အကျဉ်းထောင်ထဲ ကုန်ဆုံးခဲ့ရပြီး အခု အသက် ၆၀ ကျော်လာချိန်အထိ ဒီမိုကရေစီအရေး တစိုက်မတ်မတ် ရုန်းကန်မှုထဲ သူ့ဘဝကို မြှုပ်နှံထားပါတယ်။ ယုံကြည်ချက် မျှော်လင့်ချက်တွေအတွက် သူ့ရဲ့ ရပ်တည်မှုဟာ ဆံခြည်တစ်မျှင်မျှတောင် နောက်ဆုတ်မသွားပါဘူး။
ရှစ်လေးလုံးကနေ နွေဦးတော်လှန်ရေးအထိ… ဘာကြောင့် ဦးမင်းကိုနိုင်ဟာ တော်လှန်ရေးက တစ်ဖဝါးမှ မခွာခဲ့တာလဲ။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



