အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

၃ နှစ်ကြာသက်တမ်းရှိ KNU နဲ့ PDF ပူးတွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း 

အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်အထိပါဝင်တဲ့ စစ်သုံ့ပန်း၂၀၀ ဝန်းကျင်ကို KNU နဲ့ PDF တို့က တောတွင်းစခန်းတစ်ခုမှာ ပူးပေါင်းထိန်းသိမ်းထားတာ သုံးနှစ်ကြာ သက်တမ်းရှိခဲ့ပါပြီ။

စစ်သုံ့ပန်းများသည် အဖွဲ့လိုက် အချင်းချင်းပြန်လည်ထိန်းကျောင်း အုပ်ချုပ်ကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)
စစ်သုံ့ပန်းများသည် အဖွဲ့လိုက် အချင်းချင်းပြန်လည်ထိန်းကျောင်း အုပ်ချုပ်ကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)


အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီးအဆင့်အထိပါဝင်တဲ့ စစ်သုံ့ပန်း၂၀၀ ဝန်းကျင်ကို KNU နဲ့ PDF တို့က တောတွင်းစခန်းတစ်ခုမှာ ပူးပေါင်းထိန်းသိမ်းထားတာ သုံးနှစ်ကြာ သက်တမ်းရှိခဲ့ပါပြီ။  

နေမကောင်းသူများကို စစ်သုံ့ပန်းဆရာဝန်များက လိုအပ်သလို ဆေးကုသပေးပြီး အသေးစားခွဲစိတ်မှုအထိ လုပ်နိုင်သည်။
နေမကောင်းသူများကို စစ်သုံ့ပန်းဆရာဝန်များက လိုအပ်သလို ဆေးကုသပေးပြီး အသေးစားခွဲစိတ်မှုအထိ လုပ်နိုင်သည်။
(ဓာတ်ပုံ- ဟယ်ရီ)


၂၀၂၄ ခုနှစ် မတ်လမှာ ကရင်ပြည်နယ်၊ ကျိုက်ဒုံဗျူဟာကို KNU/KNLA နဲ့  NUG/PDF ပူးပေါင်းစစ်ကြောင်းတွေ တိုက်ခိုက်စဉ် ဗျူဟာမှုး ဗိုလ်မှူးကြီးအောင်ကျော်စိုးအပါအဝင် အရာရှိစစ်သည် အင်အား ၇၀ ဝန်းကျင်လက်နက်ချခဲ့ပြီးနောက်  ဒီစခန်းမှာ ထိန်းသိမ်းခံထားရတာပါ။ 

စခန်းစည်းကမ်းချိုးဖောက်မှု ထင်ရှားပါက မည်သူမဆို ထိပ်တုံးခတ် အပြစ်ပေးခံရသည်။
(ဓာတ်ပုံ- ဟယ်ရီ)


သူနဲ့အတူ ဒုဗိုလ်မှူးကြီးတစ်ဦးအပါဝင် အရာရှိအဆင့် စုစုပေါင်း ၂၀ ကျော်ဟာ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲအသီးသီးမှာ လက်နက်ချ/အဖမ်းခံရခဲ့ပြီးနောက် ဒီစခန်းမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ 

စခန်းစည်းကမ်းဖောက်ဖျက်သူများကို ရုံးတင်စစ်ဆေးပြီး ပြစ်ဒဏ်ပေးကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)


စစ်သုံ့ပန်းတွေကို အခုအချိန်အထိ ပြစ်မှုအလိုက်တရားစီရင်အပြစ်ပေးအရေးယူနိုင်တာ မရှိသေးပေမယ့် နိုင်ငံတကာဥပဒေနဲ့အညီဖြစ်စေဖို့ သတိထားဆက်ဆံတယ်လို့ စခန်းတာဝန်ခံ စောနေလက ဆိုပါတယ်။ 

စခန်းတွင်းသုံး ငွေအချို့ဖန်တီးထားပြီး စုစုပေါင်းထိုင်းဘတ်ငွေ တစ်သောင်းခွဲဝန်းကျင် ရိုက်ထုတ်ထားသည်။ (ဓာတ်ပုံ- ဟယ်ရီ)


“သက်ဆိုင်ရာနယ်မြေက EAO ရဲ့ သဘောထားအရ သူတို့ကို ဖမ်းထားတယ်ဆိုတာထက် ထိန်းသိမ်းထားတာသာဖြစ်ပြီး နိုင်ငံရေးအခြေအနေတစ်ခုရောက်ရင် ပြန်လွှတ်ပေးတာနဲ့ အရင်ကလို သုံ့ပန်းလဲလှယ်တာမျိုးလည်း ဖြစ်ရင် ဖြစ်လာနိုင်တယ်”​ လို့ သူကပြောပါတယ်။ 

အလုပ်တာဝန်များကို ခွဲဝေသတ်မှတ်ထားကြပြီး အသက်အရွယ်အလိုက်လုပ်နိုင်သလောက် လုပ်ကြရသည်။ (ဓာတ်ပုံ- ဟယ်ရီ)


၂၀၂၆ မတ်လအတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ စစ်သုံ့ပန်းစခန်းကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့  လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော် သေခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ 

သီးခြားအိမ်ဖြင့်နေသည့် မိသားစုများလည်းရှိပြီး လေကြောင်းအန္တရာယ်ကြောင့် ခြံဝင်းထဲတွင် ကတုတ်ကျင်းများလည်း တူးထားရသည်။ (ဓာတ်ပုံ- ဟယ်ရီ)


KNU နဲ့ PDF  ပူးပေါင်းထိန်းချုပ်ထားတဲ့ ဒီစခန်းက အရာရှိအဆင့်စစ်သုံ့ပန်းတွေကတော့  သူတို့အခြေအနေကို မိသားစုလုံခြုံရေးကြောင့် တစုံတရာပြောဆိုမှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ 

အသားဟင်းများကို တစ်ပတ်မှာ သုံးရက် ချက်စားကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)


KNU နဲ့ PDF  ပူးပေါင်းထိန်းချုပ်ထားတဲ့ ဒီစခန်းမှာ စစ်သုံ့ပန်းတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေ၊ လက်နက်ချရဲတွေနဲ့  အာဏာသိမ်းစစ်တပ်ကို စွန့်ခွာထွက်ပြေး CDM လုပ်သူတွေပါ ယာယီခိုလှုံနေပါတယ်။ 

တစ်နေ့လျှင် မနက်စာဆန်ပြုတ်အပါ သုံးနပ်စားကြရပြီး ပိုက်ဆံပြတ်စဉ်က ဆန်ကွဲဖြင့် ရောစားခဲ့ရဖူးသည်ဟု စခန်းတာဝန်ခံက ပြောသည်။ (ဓာတ်ပုံ- ဟယ်ရီ)


စခန်းအတွင်း စည်းကမ်းချိုးဖောက်သူတွေကို လုံခြုံရေးအဖွဲ့က တရားစီရင်ပြီး ကြိမ်ဒဏ်ပေးတာ၊ ထိတ်တုံးခတ်တာ၊ အချုပ်ချတာနဲ့ အလုပ်ခိုင်းတာ စတဲ့အပြစ်ပေးအရေးယူမှုတွေလုပ်ပါတယ်။ 

အလုပ်တာဝန်များကို ခွဲဝေသတ်မှတ်ထားကြပြီး အသက်အရွယ်အလိုက်လုပ်နိုင်သလောက် လုပ်ကြရသည်။ (ဓာတ်ပုံ- ဟယ်ရီ)


ရိက္ခာနဲ့ ကုန်ကျစရိတ်အတွက်က ထောက်ပံ့ငွေရရှိမှုနည်းတာကြောင့် လစဉ်လုံလောက်အောင် ရုန်းကန်နေရတယ်လို့  စခန်းတာဝန်ခံ စောနေလက ပြောပါတယ်။

အသီးအနှံများကိုမူ စိုက်ခြံထဲတွင် ကိုယ်တိုင်စိုက်ပျိုးစားကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)
စခန်းတွင်းကလေးငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်တိုင် မကြာခဏ မုန့်လုပ်ကျွေးကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)
စခန်းစားနပ်ရိက္ခာအတွက် မွေးမြူရေးခြံများကို သုံ့ပန်းများနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ CDM များလည်း ဆောက်လုပ်ကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)
လုံခြုံရေးကို PDF တပ်ဖွဲ့ဝင်များနှင့်အတူ အာဏာသိမ်းစစ်တပ်ကို CDM လုပ်လာသည့် အရာရှိစစ်သားများလည်း ပါဝင်ထမ်းဆောင်ကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)
တစ်ပတ်ကို နှစ်ရက် PSI Satellite ကနေတဆင့် သတင်းအစီအစဉ်များကို ကြည့်ခွင့်ရကြသည်။ (ဓာတ်ပုံ- ဟယ်ရီ)
မိုးတွင်းရိက္ခာပြည့်မီအောင် ဆန်တွေကို အနီးဝန်းကျင်ရှိ ရောင်းချသူများထံက ဝယ်စုဆောင်းထားရပါတယ်။ (ဓာတ်ပုံ- ဟယ်ရီ)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button