အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဟော်မုဇ်အုပ်ထိန်းသူ အမေရိကန် လုပ်မည်၊ဖြတ်သွားသည့် သင်္ဘောများကို အခွန် ၂၀ ရာခိုင်နှုန်း ကောက်မည်

 အမေရိကန်နိုင်ငံက အီရန်ကို ပိတ်ဆို့မှုများ  ပြန်လည်စတင်လိုက်ပြီး ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ဖြတ်သန်းခ စတင် ကောက်ခံမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

 ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားတဲ့ သင်္ဘောတွေ ဘာအခွန်အခမှ ပေးစရာမလိုဘဲ လွတ်လပ်စွာ ဖြတ်သန်းခွင့်ရမယ်လို့ သမ္မတထရမ့်က ရက်သတ္တပတ်ပေါင်းများစွာ တစိုက်မတ်မတ် ပြောလာခဲ့ပြီးနောက် သဘောထား ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

 သင်္ဘောတွေလုံခြုံရေးအတွက် အမေရိကန်က အကာအကွယ်ပေးမယ်လို့ ဆိုထားပြီး အပြန်အလှန်အနေနဲ့ သင်္ဘောပေါ်တင်လာတဲ့ ကုန်စည်တန်ဖိုးအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဇူလိုင် ၁၄ ရက် ဒီကနေ့ မနက် အစောပိုင်း မြန်မာစံတော်ချိန် ၂:၃၀ နာရီ ကတည်းက သက်ရောက်နေပြီဖြစ်ပါတယ်။

 အီရန်နိုင်ငံကလွဲပြီး ကျန်နိုင်ငံတွေအားလုံး ဟော်မုဇ်ရေလက်ကြားကို မျှမျှတတ သုံးခွင့်ရလိမ့်မယ်လို့ သမ္မတထရမ့်က ဆိုပါတယ်။ ဒါပေမယ့် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေး ကုန်ကျစရိတ်တွေအတွက်တော့ အခွန်ကောက်မယ်လို့ ဆိုပါတယ်။

 သမ္မတထရမ့်ကတော့ အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ်ရေလက်ကြားရဲ့ အုပ်ထိန်းသူ ဖြစ်လာလိမ့်မယ်လို့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ ကတော့ ရေလက်ကြားရဲ့ အုပ်ထိမ်းသူဟာ အီရန်နိုင်ငံသာ အမြဲတမ်းဖြစ်ခဲ့ပြီး ဆက်ပြီးလည်း အုပ်ထိန်းသူအဖြစ် ရှိနေမယ်လို့ X လူမှုကွန်ယက်မှာ ရေးသား ပြောဆိုထားပါတယ်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အခွန် ၂၀ ရာခိုင်နှုန်းကောက်မယ့် သမ္မတထရမ့်ရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရတ်ဂ်ချီ က တုံ့ပြန်ရာမှာ “ဒါဟာ တော်တော်များလွန်းပါတယ် ကျွန်တော်တို့ကတော့ မျှမျှတတပဲ ကောက်ခံသွားမှာပါ” လို့ ပြောဆိုပါတယ်ခင်ဗျား။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button