အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ယူကရိန်းကနေ မြန်မာစစ်မြေပြင်ထိ ရောက်လာတဲ့ FPV အသေခံဒရုန်းနည်းပညာ

ယူကရိန်း-ရုရှားစစ်မြေပြင်မှာ စစ်ပွဲပုံစံကို ပြောင်းလဲစေခဲ့တဲ့ FPV အသေခံဒရုန်းနည်းပညာဟာ အခုတော့ မြန်မာ့စစ်မြေပြင်ထဲကို ရောက်ရှိလာနေပါပြီ။ တန်ဖိုးကြီး ရဟတ်ယာဉ်၊ စစ်ယာဉ်နဲ့ စစ်ရေးပစ်မှတ်တွေကို ကုန်ကျစရိတ်နည်းတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်လာမှုက ခေတ်သစ်စစ်ပွဲရဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရုရှားထုတ် Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခံရမှုအပါအဝင် မြန်မာနိုင်ငံက စစ်မြေပြင်ဖြစ်စဉ်တွေမှာ FPV ဒရုန်းတွေဟာ အင်အားမမျှတဲ့ တိုက်ပွဲတွေမှာ အရေးပါတဲ့ နည်းပညာလက်နက်တစ်ခု ဖြစ်လာနေပါတယ်။ ယူကရိန်းကနေ စတင်ထင်ရှားလာတဲ့ ဒီနည်းပညာကို မြန်မာနိုင်ငံက လူငယ်ဒရုန်းပညာရှင်တွေ၊ တော်လှန်ရေးအဖွဲ့တွေ ဘယ်လို လေ့လာအသုံးချလာကြသလဲ။

ဒါပေမယ့် ဒရုန်းနည်းပညာဟာ တစ်ဖက်တည်းရဲ့ လက်နက်မဟုတ်တော့ဘဲ စစ်မြေပြင်မှာ အပြိုင်အဆိုင် ဖွံ့ဖြိုးလာနေပါတယ်။ အာဏာသိမ်းတပ်ဘက်ကလည်း ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ရေး နည်းလမ်းတွေကို ရယူလာနေချိန်မှာ FPV ဒရုန်းတွေက မြန်မာ့စစ်ပွဲရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ပြောင်းလဲနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆောင်းပါး – သုတဇော်

တည်းဖြတ်၊ တင်ဆက် – မြတ်ကြီး 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button