အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ငွေကုန်ကြေးကျများမယ့် ဖုန်းအခွန်ကောက် စနစ်ရဲ့ ရိုက်ခတ်မှု

အရင်က ကျပ်ငါးသိန်းဝန်းကျင်နဲ့ ဝယ်ယူနိုင်ခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဟာ CEIR (Central Equipment Identity Register) စနစ် စတင်ကျင့်သုံးပြီးနောက် ဖုန်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။ နယ်စပ်က ဝင်လာတဲ့ ဖုန်းတွေနဲ့ တစ်ပတ်ရစ်ဖုန်းတွေကို အခွန်နဲ့ ဒဏ်ကြေး စုစုပေါင်း ၃၇ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ 

တစ်ဖက်မှာလည်း ပြည်ပကနေ ဖုန်းသယ်ယူလာသူတွေကို တစ်နှစ်မှာ ဖုန်းနှစ်လုံးပဲ တရားဝင်တင်သွင်းခွင့်ပြုတာ၊ သတ်မှတ်ကာလအတွင်း အခွန်မဆောင်ရင် ဖုန်းလိုင်းအသုံးပြုလို့ မရတော့တဲ့ စည်းမျဉ်းသစ်တွေကြောင့် သုံးစွဲသူတွေအတွက် အခက်အခဲတွေ ပိုများလာပါတယ်။ ဖုန်းဆိုင်တွေကလည်း အရောင်းကျဆင်းပြီး ဝယ်သူထက် ပြန်ရောင်းသူ ပိုများလာတယ်လို့ ဆိုပါတယ်။

အရပ်သားအရေခြုံ စစ်အစိုးရကတော့ ဒီစနစ်ဟာ တရားမဝင်ဖုန်းတင်သွင်းမှုတွေကို ထိန်းချုပ်ဖို့နဲ့ အခွန်ကောက်ခံဖို့ ရည်ရွယ်တယ်လို့ ဆိုပေမယ့် နည်းပညာကျွမ်းကျင်သူတွေကတော့ IMEI မှတ်ပုံတင်စနစ်ဟာ ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိခိုက်စေနိုင်တဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ထောက်ပြနေကြပါတယ်။ ဒီဗီဒီယိုမှာတော့ CEIR စနစ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်၊ ဖုန်းဈေးကွက်အပေါ် ရိုက်ခတ်မှုနဲ့ ပြည်သူတွေအပေါ် သက်ရောက်မှုတွေကို အသေးစိတ် တင်ပြထားပါတယ်။

သဇင်လှိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button