အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အသံမသေတဲ့ လူငယ် — စစ်ပွဲနဲ့ ဂီတကြားက Broddy Indihood

အသက် ၂၇ နှစ်အရွယ် Broddy Indihood ဟာ ဂီတကို ချစ်မြတ်နိုးတဲ့ လူငယ်တစ်ဦးပါ။ အာဏာမသိမ်းခင်က သူငယ်ချင်းတွေနဲ့ ဂီတအဖွဲ့တစ်ခု ဖွဲ့စည်းပြီး ဂီတလမ်းကြောင်းကို အလေးအနက် လျှောက်လှမ်းဖို့ ပြင်ဆင်နေခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက သူ့ရဲ့ အိပ်မက်တွေကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရသလို၊ မိတ်ဆွေတွေ သေဆုံးခဲ့ရတာနဲ့ အကျဉ်းချခံခဲ့ရတာတွေက သူ့ကို လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းဆီ ရောက်ရှိသွားစေခဲ့ပါတယ်။

စစ်သင်တန်းတက်ပြီး ကရင်ပြည်နယ်အခြေစိုက် PDF တပ်ဖွဲ့တစ်ခုမှာ သတင်းပြန်ကြားရေးနဲ့ ရိုက်ကူးရေးတာဝန်ကို နှစ်နှစ်နီးပါး ထမ်းဆောင်ခဲ့တဲ့ Broddy ဟာ ရှေ့တန်းစစ်မြေပြင်တွေကို လိုက်လံမှတ်တမ်းတင်ရင်း ဂီတကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြားကပဲ သူ့သီချင်းတွေကို ဆက်လက် ဖန်တီးခဲ့ပြီး၊ သူ့ရဲ့ ဖန်တီးမှုတွေထဲမှာ စစ်ပွဲ၊ ဆုံးရှုံးမှုနဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်ဖော်ပြထားပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် လက်နက်ကိုင်ဘဝကို စွန့်ခွာခဲ့ပေမယ့် တော်လှန်ရေးကိုတော့ ဂီတနဲ့ ဆက်လက်ပါဝင်နေဆဲလို့ Broddy က ဆိုပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ရင်း တော်လှန်ရေးရန်ပုံငွေပွဲတွေမှာ သီချင်းသီဆိုနေသလို၊ သူ့ရဲ့ သီချင်းစာသားတွေကလည်း စစ်အာဏာသိမ်းမှုအောက်မှာ ရှင်သန်ခဲ့ရတဲ့ လူငယ်တွေရဲ့ နာကျင်မှု၊ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကို ဆက်လက် သယ်ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။

ကိုလှိုင်း၊ မြတ်ကြီး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button