ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် ရေပြင်မှာ တရုတ်နဲ့ ရုရှားတို့ စစ်ရေး လေ့ကျင့်တာကြောင့် ဂျပန်အစိုးရက တရုတ်နိုင်ငံထံ အကြောင်းကြား ကန့်ကွက်ထားတယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံး အိုခိနိုတိုရီကျွန်းရဲ့ အနောက်တောင်ဘက် မိုင် ၁၀၀ ကျော်အကွာမှာ တရုတ်ရေတပ်ပိုင် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောနဲ့ ရေရှားရေတပ်က သင်္ဘောတို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စစ်ရေးလေ့ကျင့်ခဲ့ကြတာလို့ ဂျပန်အာဏာပိုင်တွေက ဆိုပါတယ်။
တရုတ်သင်္ဘော သုံးစင်း၊ ရုရှားရေတပ်ပိုင် စစ်သင်္ဘော တစ်စင်း ပါဝင်တဲ့ စစ်သင်္ဘောအုပ်စုကို တနင်္ဂနွေနေ့ မနက် ၂ နာရီလောက်မှာ အိုခိနိုတိုရီကျွန်းရဲ့ အနောက်တောင်ဘက်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



