Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်​တော်မူဘုရား​တောင်တိုက်ပွဲ စစ်​ကောင်စီတပ်သားနှစ်ဦး​သေဟု ဖယ်ခုံPDF ​ပြော

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

ဓာတ်ပုံ - ဖယ်ခုံ PDF

ရှမ်း – ကယားပြည်ဒေသအစပ်ရှိ ထိုင်တော်မူဘုရားတောင်၌ စနိုက်ပါစစ်ဆင်ရေး တိုက်ပွဲဆင်နွဲခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဖယ်ခုံ (PDF – Pekhon)က ထုတ်ပြန်သည်။

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

ဓာတ်ပုံ – ဖယ်ခုံ PDF

“ထိုင်တော်မူဘုရားတောင်က ဖယ်ခုံမြို့နယ်ထဲမှာ။ရန်သူ တွေတပ်စွဲထားတဲ့နေရာဖြစ်တယ်”ဟု PDF – Pekhon တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စစ်တပ်မှ နှစ်ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်မှ ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရပြီး၎င်းတို့အနက် ၃ ဦး ပေါင်ထိခိုက်၊ ၂ ဦး လည်ပင်းနေရာများ ထိခိုက်သွားသည်ဟု သတင်းရကြောင်း၊ လက်နက်တစ်ခုလည်း ပျက်စီးသွားသည်ဟုသိရကြောင်း PDF-South Monywa က ပြောသည်။

သတင်း

ထိခိုက်ဒဏ်ရာရ ရဲဘော်တစ်ဦးသည် စိုးရိမ်ရသော်လည်း MOBYE PDF Rescue Team- MPRT မှ စနစ်တကျ ကုသပေးလျက်ရှိကြောင်းလည်း အသိပေးသည်။