Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လူသားချင်းစာနာမှုလုပ်ငန်းများ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို NUCCကန့်ကွက်

အာဆီယံသည် တိုင်ပင်ဆွေးနွေးသင့်သည့် အဖွဲ့အစည်းများကို တန်းတူနေရာထား၍ ဆက် သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းအားဖြင့် ထောက်ပံ့ကူညီများမှာ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်မည်မဟုတ်ကြောင်းလည်း NUCC က ဆိုသည်။

▪️လိုအပ်နေသူများကို ကူညီနိုင်ရေး သက်ဆိုင်ရာလူထုကိုယ်စားပြုအဖွဲ့အစည်းများမှ တိုက်ရိုက်ထောက်ပံ့သင့်ဟုတိုက်တွန်း

နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် အာဆီယံနှင့် The AHA Centre တို့၏ လူသားချင်းစာနာမှု အကူ အညီလုပ်ငန်းကို အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့သတင်းထုတ်ပြန်သည်။

စစ်အုပ်စုသည် ဒေသအသီးသီးရှိပြည်သူလူထုဘ၀များ ယခုကဲ့သို့ အတိဒုက္ခရောက်စေရန် နည်းမျိုးစုံဖြင့် ဖျက်ဆီးနေပြီး လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်နေသူများထံ ကူညီ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လူထုကိုယ်စားပြု အဖွဲ့အစည်းများမှ တိုက်ရိုက်ထောက်ပံ့ကူညီပေးခြင်းကိုသာ ဆောင်ရွက်သင့်ကြောင်း NUCCက တိုက်တွန်းသည်။

အာဆီယံသည် တိုင်ပင်ဆွေးနွေးသင့်သည့် အဖွဲ့အစည်းများကို တန်းတူနေရာထား၍ ဆက် သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းအားဖြင့် ထောက်ပံ့ကူညီများမှာ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်မည်မဟုတ်ကြောင်းလည်း NUCC က ဆိုသည်။

ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေပြီး မြန်မာပြည်သူများက အစဉ်တစိုက် ဆန့်ကျင် နေသည့် အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီပေးအပ်ခြင်းသည် နိုင်ငံတကာအသိုင်းအဝန်းနှင့် မြန်မာပြည်သူများကို လျစ်လျူရှုအလေးမထားသည့်အပြင် စစ်အုပ် စု၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးသည့်သဘောသက်ရောက်နေကြောင်း ထုတ် ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသင့် ကြောင်းအဆိုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စတင် ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကမူ ၎င်း၏အဆိုပြုမှုကို အပြင်းအထန်ကန့်ကွက်ထားသည်။

သတင်း

NUG သည် အာဆီယံဥက္ကဌနှင့် အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ထံသို့ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် ဆက်သွယ်မှုမရှိသေးကြောင်း NUGက ထုတ်ပြန်သည်။

သတင်း

ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ထိပ်တန်းအရာရှိများက လူကိုယ်တိုင်သို့မဟုတ် အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြ သည်။

သတင်း

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ ထုတ်ပြန်ခဲ့ပြီး ယင်းဖိတ်ခေါ်ချက်အပေါ် ရှုတ်ချခဲ့သည်။