Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင်စစ်တပ်တပ်စွဲထား​သောပျူ​ရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

(မြိင်တွင် စစ်တပ် တစ်စွဲထား​သောပျူရွာကိုလက်နက်ကြီးဖြင့်ပစ်ခတ်စဥ်)

●​မြောင်မြို့နယ်​ကျောက်ရစ်ရွာတွင်ကင်း​စောင့်​နေ​သောစစ်သားနှင့်ပျူများကို တိုက်ခိုက်ရာ ၃ ဦး​သေဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်တပ်စွဲထားသော ပျူစောထီးရွာတစ်ရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမဟာမိတ်အဖွဲ့များကသတင်ထုတ်ပြန်
သည်။

မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ပျူစောထီးကြီးစိုးရာ ကန်နီကျေးရွာအားလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။

စစ်တပ်နှင့် ပျူများဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မသိရသေးဘဲ ၎င်းတို့က လက်နက်ကြီးဖြင့် သုံးချက် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအားလုံး ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့သည်ဟု မဟာမိတ်တို့ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ၊ သံမဏိသိန်းငှက်တပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ Young Force ၊ PKU North ၊ ဆင်ရိုင်းတပ်ဖွဲ့၊ YSO Southern PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲသတင်းများကိုနားစွင့်၍ အကြမ်းဖက်စစ်တပ်နှင့် ဝေးရာသို့ရှောင်တိမ်းကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

ထိုအပြင် ​မေ ၁ ၂ ရက် နံနက် ၇ နာရီခွဲခန့်ကစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာတွင်တပ်စွဲထား​သော အကြမ်းဖက်စစ်တပ်၊ ရဲနှင့် ပျူစောထီးအဖွဲ့ မှ ကင်း​စောင့်အဖွဲ့ကို ရှေ့ထွက်အမြှောက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးသွားသည်ဟု မဟာမိတ်အဖွဲ့များက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း MBTT၊ မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ 11Brothers ၊B.G.F (Myingyan)၊ Saw Bwar Gyi MPDF အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ​ဖော်ပြထားသည်။

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ မကြာခဏပစ်ခတ်မှုများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်အား မကွေးတိုင်းနှင့် မန္တလေး
တိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပါပူး​ပေါင်တိုက်ခိုက်နေကြသည်။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

စစ်ကောင်စီ တိုက်လေယာဥ်များသည် မုံရွာမြို့ဘက်မှ ပျံသန်းလာခြင်းဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အရပ်သားများ၏ အသက်အန္တရာယ် အလွန်စိုးရိမ်နေရသည်ဟု ကလေးမြို့ခံများကပြောသည်။

သတင်း

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

သတင်း

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။