Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးနယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ၂၀ဦးထက်မနည်းသေနိုင်ဟု မဟာမိတ်အဖွဲ့များ​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

(ဧပြီ ၂၇ ရက်က မန္တလေး-မုံရွာလမ်းပေါ်ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော အံစာတုံးယာဥ်နှစ်စီးအား မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၀ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း ယင်းအဖွဲ့များက ပြောသည်။

ယနေ့(မေလ ၁၄ရက်) နံနက် ၁ဝနာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းအတိုင်း မန္တ​လေးမှ ဆင်းလာသော စစ်​ကောင်စီတပ် အင်အား ၄၀ခန့်ပါသည့် အံစာတုံးကားနှစ်စီး တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဂွေးပင်တော – ဘိုးမင်းကြီးကင်းကြားရှိ တံတားပေါ်အရောက်တွင် ပဒေသာမိုင်းများ၊တဖက်ပွင့်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အံစာတုံးကားနှစ်စီးမှာ ပက်လက်လှန်၍ တစ်စီးမှာ လမ်းဘေးသို့ပြုတ်ကျသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

(ဧပြီ ၂၇ ရက်က မန္တလေး-မုံရွာလမ်းပေါ်ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

Public Service Announcement

အဆိုပါ တိုပ်ခိုက်မှုကို Chaung U Revolution Army တပ်ခွဲ(၂)မိုင်းအဖွဲ့နှင့် Farmer Rvolution Force၊ CHU(FRF)ညီနောင် မဟာမိတ်(၂)ဖွဲ့ဦးဆောင်၍ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army(CRA)၊Farmer Revolution Force CHU (FRF)၊Black Eagle Defence Force MMU၊ကန္တာရသိန်းငှက်၊CDSOM၊ Myinmu Civil Revolution Fore(CRF)၊ဇာမဏီတပ်ဖွဲ့တို့ မဟာမိတ်တပ်ပေါင်းစုများ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chaung U Revolution Armyထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယနေ့ (မေလ ၁၄ရက်) နံနက် ၁၁နာရီခွဲခန့်ကလည်း မန္တလေးမှ မြင်းမူမြို့သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်များ လိုက်ပါလာသည့် ပေါင်မုန့်ကား အစီး ၂၀ နှင့် Express ကားတစ်စီးအား မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာကြားတွင် ပဒေသာမိုင်းဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း PAFD က အသိပေးထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီသည် တိုက်လေယာဥ်သုံးစင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဥ် နှစ်စင်းဖြင့် နာရီ၀က်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များသုံး၍ အီနာဂါဗုံးသီးများဖြင့် တိုက်ခိုက်ခြင်း၊ခြေလျင် တပ်မှ အင်အား ၂၀၀ ခန့်ဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟု ကလေးခရိုင် PDF တပ်ရင်း(၄)က ယနေ့ ညနေတွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

အထူးသဖြင့် စစ်ကောင်စီရဲ့ ဘုမ္မတီးစခန်း၊ တောင်ကြီးစခန်းနဲ့ ရှားစေးဘိုစခန်းတွေကြောင့် အဲ့ဒီဒေသက လူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာရေးမှာ အခက်အခဲဖြစ်ရတာ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ပစ်ခတ်မှုတွေကို စိုးရိမ်ကြောက်ရွံ့နေရတာ အစရှိတဲ့ဒုက္ခတွေကို ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

သတင်း

“တပ်မဟာ(၂)မှာက အရင်လည်းထုတ်ပြန်ထားဖူးတယ်။ ပထမဦးဆုံးထုတ်တာ တပ်မဟာ(၅)ပေါ့။ ပြီးတော့ တပ်မဟာ(၁)၊ တပ်မဟာ(၆)နဲ့ တပ်မဟာ(၂)မှာ အခုလို ထုတ်ပြန်တာတွေရှိတာပေါ့”ဟု KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

သတင်း

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD) တပ်ခွဲ DK PDF MMUမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းPAFD ကအသိပေးသည်။