Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်အုပ်စု ၁၃ဦးသေဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်​ပြော

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူစောထီး ၁၃ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ဦးဆောင်သူဗိုလ်ဂျပန်က ပြောသည်။

အင်အား ၉၀ကျော်ပါရှိသည့် စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ကို အင်မထီး​ကျေးရွာအနား၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ စစ်ကြောင်းကို မိုင်းအလုံး ၄၀ကျော်ဖြင့် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု PRAက အသိပေးသည်။

Public Service Announcement

ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ပြည်သူများ ၏ ပို့သသော စေတနာကြောင့် တစ်ဦးမျှအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပုလဲမြို့ပေါ်အပါအဝင် စစ်ကောင်စီအခြေစိုက်ရာနေရာများကို ယခုရက်ပိုင်းအတွင် ဒေသခံတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီး ၂၀ဦးထက်မနည်း သေဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီသည် မုံရွာအခြေစိုက်အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အားအပြည့်ပါရှိသည့် စစ်ကားအစီး ၂၀ခန့်ဖြင့် ယင်းမာပင်-ပုလဲ ဒေသများသို့ တပ်ကူဖြည့်တင်းနေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

"စစ်ကောင်စီတပ်တွေက ရေဦးကိုမွှေနေတယ်။ အရပ်သားတွေလည်း ပြေးနေရတယ်။ ဒါဒီနေ့၊ လပြည့်နေ အခြေအနေပဲ။ မနက်က တိုက်ပွဲကတော့ မမျှော်လင့်ဘဲ ထိပ်တိုက်တိုးမိပြီး ချတာ"ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ပြည်သူလူထုများအချင်းချင်းကြားတွင် မည်သည့် ပြဿနာမှမရှိကြောင်း၊ ကရင်နီဒေသမှ ပြည်သူ သောင်းနှင့်ချီပြီး စစ်ရှောင်လာသည်ကို ပအိုဝ်းဒေသရှိ ပြည်သူများက နေရာနှင့် စားနပ်ရိက္ခာ ကူညီပံ့ပိုးမှုရှိခဲ့သည်ဟု ၎င်းကဆိုသည်။

သတင်း

ယနေ့ (မေလ ၁၄ ရက်) နံနက် ၆နာရီခန့်တွင် (PDF – Pekhon) နှင့်အတူ(PDF – LK)၊(DMO – PDF)နှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါစစ်ဆင်ရေးတိုက်ပွဲ ဆင်နွဲခဲ့သည်ဟု ဆို သည်။

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။