Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံ

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိ​ကြောင်း ထည့်သွင်းဆွေးနွေးသည်။

▪️မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု

မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ကူညီထောက်ပံ့မှုများဆက်လက်ပေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကတိပြုပြောကြားသည်။

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်း ယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိ​ကြောင်း ထည့်သွင်းဆွေးနွေးသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီ၊ နည်းပညာသင်တန်းနှင့် ပညာရေး အပါအဝင် NUG ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဝန်ကြီးဒေါ်ဇင်မာအောင်က မျှဝေခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးညီလာခံကျင်းပနေချိန်တွင် ဝါရှင်တန်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အာဆီယံဝန်ကြီးအချို့နှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအနေဖြင့် NUG ၊ NUCCအပါအဝင် ပါဝင်သင့်သူများနှင့် ထိတွေ့ဆက်ဆံရန် အဆိုပြုထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

NUGသည် ကချင် KPICT (Kachin Political Interim Coordination Team)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့နှင့် ပူးပေါင်း၍ ငွေတိုက်စာချုပ်များရောင်းချနေခြင်း ဖြစ်သည်။

သတင်း

KNU အဖွဲ့ဆိုလျင် ၎င်းငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ဧပြီ ၂၂ရက်ကတည်းက စစ်ကောင်စီခေါင်းဆောင် ၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ကြေညာချက်ထုတ်ပြန်ပြီး မတက်ရောက်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးကို ဝင်ဒီရှားမန်းက လက်ခံတွေ့ဆုံမည်ဖြစ်သည်။

သတင်း

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဝါရှင်တန်၌ ပြုလုပ်သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ယင်းသို့ ထည့်သွင်းဆွေးနွေးသည်။