Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်မှအိမ်​ခြေနှစ်​ထောင်ခန့်ရှိ​သောလက်ယက်မရွာကိုစစ်​တပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ပြည်သူသုံးဦးကိုသတ်ဖြတ်

အကြမ်းဖက်စစ်တပ်က ကျေးရွာနေအိမ်များအပြင် ရွာဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်တစ်ခုနှင့် ကျေးရွာ-တိုက်နယ်ဆေးရုံမှ ဆေးကုသဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

(လက်ယက်မကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အိမ်ခြေနှစ်ထောင်ခန့်ရှိသော လက်ယက်မကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးကာ သုံးဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည်မြိုင်မြို့နယ်မြောက်ပိုင်းရှိ လက်ယက်မ(စံပြ)ကျေးရွာကို ယမန်နေ့ မေလ ၁၅ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်​သည်။

၎င်းတို့ မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီး ထွက်ပြေးနေရသည့်ပြည်သူ သောင်းချီရှိ၍ စားနပ်ရိက္ခါ အရေးတကြီးလိုအပ်နေကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် လက်ယက်မကျေးရွာထဲတွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းသုံးလောင်း လက်တလောတွေ့ရှိထားကြောင်း ဒေသခံများက ပြောသည်။

“လက်ယက်မမှာ ဒီနေ့(မေလ ၁၆ ရက်မနက်)လူသေအလောင်းနှစ်လောင်းထပ်တွေ့ရပါတယ်။ မနေ့ကတစ်လောင်းဒီနေ့နှစ်လောင်းပါ။ တစ်လောင်းကတော့ ပြေးရင် အိမ်သာထဲမှာဝင်ပုန်းပြီး မီးခိုးမွှန်သေဆုံးထားတဲ့သဘောလို့ သက်မှတ်လို့ရပါတယ်။တစ်လောင်းကတော့သူတို့သတ်ပြီးပစ်ခဲ့တဲ့ပုံပါ။” ဟုနွေဦးတော်လှန်ရေး-မြိုင် အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်က ကျေးရွာနေအိမ်များအပြင် ရွာဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်တစ်ခုနှင့် ကျေးရွာ-တိုက်နယ်ဆေးရုံမှ ဆေးကုသဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

(လက်ယက်မကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

ပြည်သူများ၏ အဖိုးတန်ပစ္စည်းများကိုလည်း အကြမ်းဖက်စစ်အုပ်စုက ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး ပျက်စီးဆုံးရှုံးသောပမာဏ အလွန်များပြားကာ အိမ်ခြေမည်မျှ မီးလောင်သည်ကိုပင် အတည်ပြုရန် မလွယ်ကူသေးကြောင်း နွေဦးတော်လှန်ရေး(မြိုင်)အဖွဲ့က ပြောသည်။

လက်ယက်မကျေးရွာအပြင် အခြားအနီးနားဝန်းကျင်ရွာများပါ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေနှစ်သောင်းခန့်ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။

“လက်တလော ဆန်ဆီစားစရာပါ။ သူတို့လက်ရှိရှောင်နေတဲ့နေရာမှာ ရွာခံတွေကျွေးမွေးထားရတဲ့အတွက်လူများတော့ ဆန်ဆီလိုအပ်တာတွေရှိနေပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(လက်ယက်မကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

ယမန်နေ့ (မေလ ၁၅ ရက်နေ့) ညနေ ၄ နာရီ အချိန်ခန့်က လက်ယက်မစံပြကျေးရွာအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး၍တပ်ပြန်ဆုတ်လာသော အကြမ်းဖက်စစ်တပ်အားကြည့်ကန်ကျေးရွာမြောက်ဘက် တောတိုက်အရောက်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် မြိုင်နယ်အတွင်းကျေးရွာအများအပြားမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

သတင်း

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

သတင်း

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။