Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ပေါ်တာဆွဲခံရပြီးနောက် တိုက်ပွဲအတွင်းသေဆုံးခဲ့ရသည့် စိုင်းစံလှနှင့် ရှမ်းလူငယ်အတွက် ဝမ်းနည်းကြေကွဲရကြောင်း မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပေါ်တာဆွဲခေါ်ဆောင်ခံရပြီးနောက် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် CUSS အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့် ရှမ်းလူငယ်တစ်ဦးအတွက် ဝမ်းနည်းကြေကွဲရကြောင်း မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PSDA)က ယနေ့ ထုတ်ပြန်သည်။

မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PSDA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မော့တောင်းရွာတွင် မေလ ၄ရက်က အကြမ်းဖက်စစ်ကောင်စီနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ခမရ (၂၄၁)မှ တပ်ဖွဲ့ဝင် ၁၆ဦးအပြင် စစ်ကောင်စီက ပေါ်တာဆွဲခေါ်လာသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CUSS) အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့် ရှမ်းလူငယ်တစ်ဦးလည်း သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

မေလ ၄ရက် ညနေက စိုင်းစံလှနှင့်အခြားအမျိုးသားတစ်ဦးစီးလာသည့်ကားကို မော့တောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲသွားပြီးနောက် မကြာမီ တိုက်ပွဲဖြစ်ခဲ့​​ခြင်းဟု ဒေသခံများက ပြောသည်။

စိုင်းစံလှသည် ရှမ်းလူငယ်ကွန်ရက်(Tai Youth Network -TYN)၏ ဦးဆောင်ကော်မတီဝင်လည်းဖြစ်သည်။ စိုင်းစံလှသေဆုံးခြင်းသည် TYNအတွက် ကြီးမားသည့်ဆုံးရှုံးမှုဟုရှမ်းတိုင်းရင်းသားလူငယ်အချို့က ပြောသည်။

စိုင်းစံလှ ကွယ်လွန်ခဲ့သည့် ဖြစ်ရပ်အတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်ရဲဘော်များအားလုံးနှင့်ထပ်တူ ဝမ်းနည်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက သဝဏ်လွှာပေးပို့ခဲ့သည်။

တိုက်ပွဲနယ်မြေတွင် အရပ်သားအားပေါ်တာဆွဲခဲ့သည့်လုပ်ရပ်အတွက် တိုင်းရင်းသားအရေးလှုပ်ရှားသူများက စစ်ကောင်စီကို ပြစ်တင်ဝေဖန်ကြသည်။ ၎င်းတို့ကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့သည့်အပေါ် စစ်ကောင်စီက ရေငုံနှုတ်ပိတ် နေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

သတင်း

တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။

သတင်း

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။

သတင်း

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။