Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီပြုလုပ်​သောငြိမ်းချမ်း​ရေး​ထောက်ခံပွဲသွားရန်လူစု​နေစဥ် ဗုံး​ပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရသူများရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီတပ်​​ပြုလုပ်​နေ​သောငြိမ်းချမ်း​ရေးထောက်ခံပွဲတက်ရန်လာသူများကို မိုင်းရှာကရိယာများဖြင့်ရှာ​ဖွေ​နေစဥ် ဓါတ်ပုံ-NG)

အကြမ်းဖက်စစ်ကောင်စီကပြုလုပ်​သောငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်အားထောက်ခံပွဲသို့ သွား​ရောက်ရန်လူစုဆောင်းနေစဉ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သူအများအပြားရှိခဲ့သည်ဟု နေပြည်တော်ဒေခံများထံမှ သိရသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

အာဏာသိမ်းစစ်​ကောင်စီပြုလုပ်​သော ငြိမ်ချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံခြင်းနှင့်ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုံ့ချပွဲကို ပြည်​ထောင်စုကြံ့​ခိုင်​ရေးနှင့်ဖွံ့ဖြိုးပါတီကဦး​ဆောင်၍ ယ​နေနံနက်မှာ နေပြည်တော်ရှိ ဥပ္ပါသန္တိ ဘုရားပွဲကွင်းတွင်ပြုလုပ်ခဲ့​ကြောင်းစစ်​ကောင်စီဝါဒဖြန့်မီဒီယာအချို့က​ဖော်ပြထားသည်။ထိုပွဲသို့သွားရောက်ရန် ပြည်ခိုင်ဖြိုးပါတီနှင့် စစ်သားဟောင်းများ လူစုဆောင်းနေစဉ် ကားအတွင်း ဗုံးကျပေါက်ကွဲခြင်းဖြစ်​ကြောင်း သိရသည်။

“ကြံခိုင်ရေးပါတီနဲ့ စစ်ထွက်တွေ အများကြီးပဲ ရောက်နေတဲ့ အချိန်မှာ ပေါက်ကွဲတာ အသံအကျယ်အကြီးဘဲ ကြားလိုက်ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပေါက်ကွဲမူကြောင့်အနည်းဆုံး ကားနှစ်စီး ထိခိုက် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိကာ နီးစပ်ရာကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်နေသည်ကိုမြင်​တွေ့ရ​ကြောင်ဒေသခံများကပြောသည်။

ထိုပေါက်ကွဲမူအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကားများဖြင့် လမ်းများကို ပိတ်ဆို့ပြီး ရှာဖွေနေကြောင်းလည်း ဒေသခံများက​ပြောသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

သတင်း

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။

သတင်း

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။