Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီယန္တရားလည်ပတ်မှုတွင် အဓိကပါဝင်ဆောင်ရွက်နေသည့် မြို့နယ်ထွေအုပ်ရုံးကို ဖောက်ခွဲ သတိပေးခဲ့ဟု နာဂ PDF အသိပေး

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီယန္တရားလည်ပတ်မှုတွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက်နေသည့် လေရှီးမြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ရုံးဝန်းအတွင်း ဖောက်ခွဲ သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

မေလ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲသတိပေးမှုသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် မတရားသော ဖိနှိပ်ချုပ်ချယ်မှုများတွင် အလိုတူပါဝင်နေခြင်း၊ ပြည်သူနှင့်အတူရပ်တည်သော CDM ဝန်ထမ်းများအား အမျိုးမျိုးသော ဖိအားပေးမှုများလုပ်ဆောင်ခြင်း၊ နာဂ PDF၏ ဒေသတွင်းလုပ်ရှားမှုသတင်းအချက် အလက်များကို ရပ်၊ကျေးစာရေး၊ အုပ်ချုပ်ရေးမှူးများမှတဆင့်ရယူပြီး စစ်ကောင်စီသို့ပေးပို့ခြင်းစသောလုပ်ဆောင်ချက်များကိုအစဉ်တစိုက် လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ သတိပေးခဲ့သည်ဟု ထုတ်ပြန် သည်။

နောက်ထပ် Mission တစ်ခုလုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း နာဂ PDFတပ်ဖွဲ့၏ လုံခြုံရေးအခြေအနေကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နာဂဒေသရှိ CCTVတပ်ထားသော ဆိုင်များနှင့် အိမ်များအနေဖြင့် မိမိတို့ ဆိုင်၊အိမ်ဘက်သို့ လှည့်၍တပ်ဆင်ပေးကြရန်နှင့် လမ်းဘက်သို့လှည့်၍တပ်ဆင်ထားသော CCTVများအား ဖြုတ်သိမ်းထားပေးပါရန် နာဂ PDFက မေတ္တာရပ်ခံခဲ့သည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက နောက်ဆက်တွဲ ပြဿနာများအား ဆိုင်၊အိမ်များသည် တာဝန်ခံရမည်ဟုလည်း သတိပေးထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

သတင်း

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

သတင်း

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။