Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က ​ရေလယ်ကျွန်း​ဒေသတွင် ၁၀ ရက်အတွင်း​နေအိမ် ၁၄၀ ​ကျော်ကိုမီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်တပ်သည် ယ​နေ့ (မေလ ၁၆ ရက်)နံနက်ပိုင်းက ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသရှိ မိုးကွဲရွာ၊ ကံဦးရွာ၊တောင်ကုန်းရွာ၊ မဲကုန်းရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွား၍ ပြည်သူများကမီးငြှိမ်းသတ်ရန်ကြိုးစားစဥ်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပြီး ၁၀ရက်အတွင်း လူနေအိမ်​ပေါင်း ၁၄၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွား၍ ပြည်သူများကမီးငြှိမ်းသတ်ရန်ကြိုးစားစဥ်။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်သည် မေလ ၇ ရက်နေ့မှ ယနေ့ မေလ ၁၆ ရက်နေ့အထိ ၁၀ ရက်အတွင်းမကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ရွှေလှံ၊သာဂေါင်၊ဖြုံဘူး၊မိဖုရား၊ မဲကုန်း၊ ကျွဲကုန်း၊ ဆည်သည့်၊ မြေစွန်း၊ ငတရော်၊ မိုးကွဲ၊တောင်ကုန်း၊ကိုင်း၊ လှေခုတ်၊ သောင်ရှေ့၊ မင်းရွာ၊ဘိုကုန်း၊ကံဦး အစရှိသည့် ရွာပေါင်း ၁၇ရွာမှ လူနေအိမ်ပေါင်း ၁၄၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယ​နေ့ (မေလ ၁၆ ရက်)နံနက်ပိုင်းက ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသရှိ မိုးကွဲရွာ၊ ကံဦးရွာ၊တောင်ကုန်းရွာ၊ မဲကုန်းရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ယမန်နေ့ (မေလ ၁၅ ရက်နေ့) နံနက်ပိုင်းကလည်း ရေလယ်ကျွန်းဒေသရှိ မိုးကွဲရွာနှင့် ကံဦးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ရေစကြိုPDF များမှ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွား၍ ပြည်သူများကမီးငြှိမ်းသတ်ရန်ကြိုးစားစဥ်။ ဓါတ်ပုံ-CJ)

ယနေ့နံနက်ပိုင်းက မိုးကွဲရွာကို အလွန်အကျွံမီးရှို့ခဲ့ပြီးမြောက်အရပ်ကိုပါ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူများ အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် ရှောင်ရှားနေထိုင်ကြရန် ရေလယ်ကျွန်းဒေသပြည်သူကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း သတိပေးသည်။

ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ရေစကြိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအပြင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ အဖွဲ့များကပါ လာရောက်ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

သတင်း

ဆောင်နန်းခဲရွာအနီးတောင်ကြော၌ မေလ ၁၅ရက်က ဖြစ်ပွားသည့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ရဲတံခွန် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးသည် ၃ ဒဿမ ၂ ထရီလျံ ကုဗပေ ထုထည်ရှိသော သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး ၂၀၀၀ပြည်နှစ် တွင် စတင် ထုတ်ယူကာ တစ်နေ့လျင် ၂၀၀ မီလီယံပေ ကနဦး ထုတ်ယူနိုင်ကြောင်း သိရသည်။

သတင်း

ယနေ့နံနက် ၆ နာရီခွဲကစပြီး မင်းမရွာနှင့် သမင်ခြံကျေးရွာကြားတွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးဟု ထုတ်ပြန်သည်။