Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သြစတြေးလျ က မြန်မာနိုင်ငံအတွက်သံအမတ်ကြီးအဆင့်မခန့်အပ်တော့ဘဲ အဆင့်လျော့ချဆက်ဆံမယ်

သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ နိုင်ငံရဲ့အကျိုးစီးပွားတွေ ကာကွယ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။

ဓာတ်ပုံ − AP

စစ်ကောင်စီကိုအသိအမှတ်ပြုမှုရှောင်ရှားဖို့အတွက် သြစတြးလျဟာ မြန်မာနိုင်မှာလစ်လပ်နေတဲ့ သံအမတ်ကြီးနေရာ အသစ်ခန့်အပ်တာမျိုးမလုပ်တော့ဘဲ အဆင့်လျော့ချဆက်ဆံသွားမယ်လို့ သြစတြေးလျ အခြေစိုက် ABC သတင်းဌာနက ဖော်ပြပါတယ်။

သြစတြေးလျအစိုးရဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးနေရာမှာ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအကြီးတန်းအရာရှိတစ်ဦးကို ခန့်အပ်ဖို့ရွေးချယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအစားထိုးခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ် ဟာ မြန်မာနိုင်ငံကို ခရီးသွားလာခွင့်မရသေးပါဘူး။ အဲဒီပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ သံရုံးရဲ့အကြီးအကဲဖြစ်တာဝန်ယူမှာဖြစ်ပြီး သူရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်မှာမဟုတ်ကြောင်း ABC သတင်းဌာနက ဆိုထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ နိုင်ငံရဲ့အကျိုးစီးပွားတွေ ကာကွယ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။

NUG ရဲ့ သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက စစ်ကောင်စီကို သံတမန်အဆင့်လျော့ချ ဆက်ဆံဖို့ဆုံးဖြတ်တဲ့ သြစတြေးလျရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုတဲ့အနေနဲ့ အနောက်နိုင်ငံတွေဟာ သံတမန်ရေးအရ အဆင့် လျော့ချဆက်ဆံတာတွေပြုလုပ်နေပါတယ်။

ဗြိတိန်နိုင်ငံကဆို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ သံအမတ်ကြီးအဆင့်ခန့်အပ်ထားသူကို သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းလဲခန့်အပ်တာရှိပါတယ်။

ဒီလို သံတမန်အဆင့်လျော့ချဆက်ဆံတဲ့အပေါ် စစ်ကောင်စီက တုံ့ပြန်တဲ့အနေနဲ့ အဲဒီ ဗြိတိန်သံအမတ် ရန်ကုန်ကနေ ပြည်ပကို ခရီးထွက်သွားပြီး ပြန်ဝင်ချိန်မှာတော့ ပြည်ဝင်ခွင့် ဗီဇာထုတ်မပေးတော့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက သူတို့အစိုးရကို တရားဝင်အသိအမှတ်မပြုဘူးလို့ ထုတ်ဖော်ပြောကြားတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိသေးကြောင်းနဲ့ နိုင်ငံအတွင်းမှာလည်း နိုင်ငံတကာသံရုံးတွေ ဆက်လက်ရှိနေဆဲလို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ စစ်ကောင်စီကို သံတမန်အဆင့်လျော့ချ ဆက်ဆံတာတွေရှိလာတဲ့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆို စစ်ကောင်စီကိုအသိအမှတ်မပြုကြောင်းနဲ့ NUG နဲ့ထိတွေ့ဆက်ဆံမယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုတာတွေရှိလာပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ ၊ အိန္ဒိယနဲ့ ဆော်ဒီ သံအမတ်ကြီးတွေဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ သီးခြားစီ သွားရောက်တွေ့ဆုံထားပါတယ်။

သတင်း

သံအမတ် အသစ် အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ဗီနေးကူးမားဟာ သူရဲ့ သံအမတ် ခန့်အပ်လွှာကို အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ထံ ဒီနေ့ မနက်ပိုင်းက နေပြည်တော်မှာ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရသည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရဆီကနေ အဓမ္မ အာဏာသိမ်းယူခဲ့တာ တစ်နှစ်ကျော်လောက် ကြာမြင့်လာတဲ့နောက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ ဧပြီ ၁၇ ရက်ကစလို့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကို ပြန်လည် ဖွင့်လှစ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။