Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြောက်ရွံ့မုန်းတီးမှုများပပျောက်ရန် LGBTIQ များနှင့် ဆက်လက်တိုက်ပွဲဝင်မည်ဟု NUG ထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြသော LGBTIQ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး ၂ ဦးသည် ပြင်းထန်စွာဒဏ်ရာရရှိကာ ၈၅ ဦးထက်မနည်း မတရားဖမ်းဆီးထိန်းသိမ်းခံရကြောင်း NUG က ထုတ်ပြန်သည်။

ဓာတ်ပုံ - ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် သံရုံးများ

▪️LGBTIQများနှင့်အတူ ရပ်တည်ထောက်ခံကြောင်း သံရုံးများပြသ

လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုသည့် ကြောက်ရွံ့မုန်းတီးမှုများပပျောက်စေရန် LGBTIQ များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကတိပြုထုတ်ပြန် သည်။

ယနေ့ကျရောက်သော လိင်စိတ်တိမ်းညွှတ်မှုများပေါ် အခြေပြုသည့်ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးအပြည်ပြည်ဆိုင်ရာနေ့တွင် မြန်မာနိုင်ငံ၏ အာဏာရှင်အသီးသီးက ကျူးလွန်ခဲ့ သော လူ့အခွင့်အရေးချိုးဖောက်မှုများကိုခံစားရသည့် LGBTIQ များအပေါ် စာနာနားလည်ကြောင်း အထက်ပါဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် လွတ်လပ်ခြင်း၊ လုံခြုံခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ခေတ်အဆက်ဆက်က အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော၊ တိုက်ပွဲဝင်နေကြသော LGBTIQ များကို ဦးညွတ် အလေးပြုကြောင်းလည်း NUGက ထုတ်ပြန်သည်။

ဓာတ်ပုံ – ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် သံရုံးများ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြသော LGBTIQ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ရပြီး ၂ ဦးသည် ပြင်းထန်စွာဒဏ်ရာရရှိကာ ၈၅ ဦးထက်မနည်း မတရားဖမ်းဆီးထိန်းသိမ်းခံရကြောင်း NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားသည့် စာရင်းတွင်လည်း LGBTIQ ၅၀ ကျော်ပါဝင်ပြီး ၎င်းတို့သည် တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ဓာတ်ပုံ – ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ် သံရုံးများ

မတရားဖမ်းဆီးခံရ​သော LGBTIQ များကို စစ်ကြောရေး၌ ရိုက်နှက်နှိပ်စက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်များကို မီးပူဖြင့်ကပ်ခြင်း၊ လိင်အင်္ဂါများကို ဆေးလိပ်မီးဖြင့်တို့ခြင်း၊ မဖွယ်မရာလုပ်ဆောင်ခြင်း၊ ယုတ်မာညစ်ညမ်းသောစကားများဖြင့် ပြောဆိုလှောင်ပြောင်ခြင်းတို့ကို အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခဲ့ကြောင်းမှတ်တမ်းများရရှိထားသည်ဟု NUG က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော လိင်စိတ်တိမ်းညွှတ်မှုများပေါ် အခြေပြုသည့်ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးအပြည်ပြည်ဆိုင်ရာနေ့အတွက် ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးများကလည်း LGBTIQ များ၏ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် မြှင့်တင်ရန် တိုက်တွန်းထုတ်ပြန် ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

နွေဦး​တော်လှန်​ရေးကာလတွင် NUG နှင့် AA ​ခေါင်း​ဆောင်များ ​တွေ့ဆုံ​​​ဆွေး​နွေးမှုများ ရှိခဲ့​သော်လည်း သတင်းမထုတ်ပြန်ခဲ့ဘဲယခုအကြိမ်ထူးခြားမှုမှာNUG နှင့် ULA/AA ​ခေါင်း​ဆောင်များကြားတရာဝင်​ဆွေး​နွေးမှုကို ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။​

သတင်း

အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေ၊ တိုင်းပြည်အခြေအနေတွေကို နှစ်ဖက် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုဟာလည်း NUG ရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေ အရ အသီးအပွင့်ဖြစ်ပြီး မျက်နှာစာသစ် တစ်ခုကိုဖွင့်လှစ်လိုက်နိုင်တာလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။

သတင်း

မလေးရှားအစိုးရအနေနဲ့တော့ အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် ချထားတယ်လို့လည်း RFA ရဲ့သတင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။