Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တိုင်း စီမံအုပ်ချုပ်​ရေး​ကောင်စီအတွင်း​ရေးမှူး ဦးစိုးစိုး​​ဇော် ဖမ်းဆီးခံရ

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

စစ်ကောင်စီခန့် ရန်ကုန်တိုင်း စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော် ဖမ်းဆီးခံထားရကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယမန်နေ့(မေ ၁၆ ရက်)နေ့လယ်ပိုင်းက တိုင်းစီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ရုံး၌ပင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“ဖမ်းခံရတာတော့ သေချာတယ်။ဒါပေမယ်လို့ ဘာအမှုနဲ့ ဆွဲချိတ်ခံရမှန်းမသိသေးဘူး။အဂတိမှုလို့တော့ ကနဦးကြားရတာပဲ”ဟု ဦးစိုးစိုးဇော်နှင့်နီးစပ်သူက ရှင်းပြသည်။

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

ယခုဖြစ်စဥ်မတိုင်မီက မကွေးတိုင်း စီမံအုပ်ချုပ်​ရေး​​ကောင်စီအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့်ဖမ်းဆီးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဖမ်းဆီရမိသူသုံးဦးထံမှ WYအနီရောင်စာတန်းပါ ဆေးပြားအလုံးရေ ၃,၂၀၀ခန့်ကိုလည်း တပါးတည်းသိမ်းဆည်းရမိပြီး တိကျမှန်ကန်မှန်မှုရှိစေရန် စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို့ လွှဲပြောင်းခဲ့ကြောင်း အသိပေးထားသည်။

သတင်း

မည်သည့်အ​ကြောင်းဖြင့်ဖြစ်​စေ​ရွှေ​ဈေးတက်လျှင်စစ်​ကောင်စီက လုပ်ငန်းရှင်များကိုဖမ်းဆီးခြင်း၊​ခေါ်ယူစစ်​ဆေးခြင်း၊ခြိမ်း​ခြောက်ခြင်းစ​သောနည်းလမ်းများဖြင့်​ဈေးကျ​အောင်လုပ်​လေ့ရှိ​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

သတင်း

ဇိုမီး PDF သည် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​ဒေသခံကာကွယ်​ရေးတပ်များထဲမှ တစ်ခုဖြစ်သည်။

သတင်း

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ရန်ကုန်မှာ ကလေးမိခင်အမျိုးသမီးကိုဖမ်းဆီးပြီးနောက် အသက် ၄ နှစ်အရွယ် ကလေး ကိုမူကြိုကျောင်းမှာစစ်ကောင်စီကသွားရောက်ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ခဲ့ပါတယ်။