Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲရွာမီးရှို့သည့် စစ်ကောင်စီက PDFများမီးရှို့သည်ဟု လိမ်ညာဝါဒဖြန့်

စစ်ကောင်စီ၏ အလိမ်အညာများကို ပြည်သူများက သိရှိပြီးဖြစ်ကြောင်း ဖယ်ခုံတွင်သာ မက နိုင်ငံတစ်ဝန်းရှိကျေးရွာများကိုစစ်ကောင်စီတပ်က လိုက်လံမီးရှို့နေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဓာတ်ပုံ - ဖယ်ခုံ PDF

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ကို ပြည်သူများသိကြဟု ဒေသခံပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် PDFများက ဝင်ရောက်မီးရှို့သည်ဟု လိမ်ညာဖော်ပြခဲ့သည်။

မေလ ၁၅ရက်က ဆောင်နန်းခဲရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့၍ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုတုံ့ပြန်ကာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့နောက် မေလ ၁၆ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဆောင်နန်းခဲရွာသို့ ဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဖယ်ခုံ PDF

မေလ ၁၇ရက် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင်မူ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံ ပြည်သူတစ်ဦးက သတင်းပေးပို့လာ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ PDFများက ပြည်သူများ၏ နေအိမ်များအား လိုက်လံမီးရှို့နေသည်ကို တွေ့ရှိခဲ့ရသည်ဟု လိမ်ညာဖော်ပြခဲ့သည်။

စစ်ကောင်စီ၏ လိမ်ညာသတင်းဖော်ပြမှုနှင့်ပတ်သက်၍ ဖယ်ခုံမြို့၌ တိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက “သူတို့ပဲရှို့တာပဲလေ။ ဘာဖြစ်လဲဆို ကိုယ်ကိုယ်တိုင် ရှောင်နေတာ ဖယ်ခုံမှာ။ လှမ်းမြင်နေရတာပဲ။ သူတို့ လေယာဉ်နဲ့ ပစ်တာ၊ ရဟတ်ယာဉ်နဲ့ ပစ်တာတွေလည်း မြင်နေရတာပဲ။ အဲဒီ ရွာက ထွက်ပြေးလာတဲ့ သူတွေကိုယ်တိုင်လည်းပြောတယ် စစ်တပ်က ရှို့တာပါဆိုတာ။ တချို့က ရေလယ်ကျွန်းကိုရှောင်တယ် တချို့က ဖယ်ခုံဘက်ရှောင်တယ်။ တချို့က အင်းထဲဘက်ရှောင်တယ်။ ညောင်ရွှေဘက်ပေါ့။ သူတို့ကတော့ စကတည်းက လိမ်နေတဲ့သူတွေ”ဟု ပြောကြားသည်။

စစ်ကောင်စီ၏ အလိမ်အညာများကို ပြည်သူများက သိရှိပြီးဖြစ်ကြောင်း ဖယ်ခုံတွင်သာ မက နိုင်ငံတစ်ဝန်းရှိကျေးရွာများကိုစစ်ကောင်စီတပ်က လိုက်လံမီးရှို့နေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဓာတ်ပုံ – ဖယ်ခုံ PDF

“ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောတဲ့စကားလုံးတွေကြည့်ပါ။ ဘယ်လိုအဆင့်အတန်းလဲဆိုတာ သူတို့ အောက်က ရဲဘော်တွေက အဆင့်ဘယ်လောက်နိမ့်မလဲဆိုတာ စဉ်းစားကြည့်ပေါ့။ လူထုတိုင်းက ပြောနေကြတာပဲလေ ဪ သူတို့က အိုးနဲ့ အိမ်နဲ့မှ နေဖူးတဲ့ သူတွေမှ မဟုတ်ဘဲ အိမ်တစ် လုံးဆောက်ရတဲ့ တန်ဖိုးကို သူတို့ နားမလည်ဘူး ရှို့နေတာပေါ့ဗျာ။ သူတို့လက်ထဲမှာ သေနတ်ရှိနေလို့သာ၊ အရပ်သားတွေအားလုံးမှာ သေနတ်ရှိကြည့်ပါလား”ဟု ကရင်နီဒေသခံက ပြောသည်။

မေလ ၁၂ရက်က ဖယ်ခုံ – ညောင်ရွှေနယ်စပ်ရှိ စစ်ကောင်စီ၏ ထီရိရွာ ကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် သေဆုံးထိခိုက်မှုများပြားပြီး အရှင်ဖမ်းဆီးခံရသူများလည်းရှိသည်။ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်းလည်း ဖယ်ခု့ PDFက ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုအပြီး မေလ ၁၃ရက်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်လာရာ ဆောင်နန်းခဲရွာ အရှေ့ဘက်ကပ်လျက် တောင်ကြော၌ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်အထိနာပြီး လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ – ဖယ်ခုံ PDF

ဆောင်နန်းခဲကျေးရွာ အရှေ့ဘက်ကပ်လျှက်တောင်ကြောတစ်ဝိုက်လုံး ဗုံးကြဲပြီး စစ်ကောင်စီတပ်များသည် ကျေးရွာအနီးသို့တိုးကပ်နေရာယူလာသောကြောင့် မေလ၁၅ရက်ညနေပိုင်းတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီး တပ်ဆုတ်ထားခဲ့ကြောင်း ဖယ်ခုံ PDFက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ် ကင်းထောက်အဖွဲ့က ဒရုန်းဖြင့်ကင်းထောက် စဉ် ဆောင်နန်းခဲရွာ အရှေ့ဘက် ကပ်လျက် တောင်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့် မီးမရှို့မီက ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ထို့အပြင် ဆောင်နန်းခဲ ဒေသခံများမှာ မေလ ၁၃ရက်စစ်ကောင်စီ ထိုးစစ်စတင်ကလည်းက ရှောင်ရှား နေခြင်း ဖြစ်ကြောင်း၊ စစ်ကြောင်းစထိုးသည့်နေ့၌ ဟိုပန်ကျေးရွာဘက်တွင် ရွာသားများဖမ်းဆီးနှိပ်စက် ပစ်ခတ်သတ်ဖြတ်ခံရကြောင်းကြားသိခဲ့ရ၍ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည် တလွှားလက်ရှိဖြစ်ပေါ်နေသောအခြေအနေများသည် လက်နက်ဖြင့်မတရားအာဏာသိမ်းဖမ်းဆီးသတ်ဖြတ် ပြည်သူ့အသက်စည်းစိမ်အိုးအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့်ဖြစ်ပေါ်လျှက်ရှိနေကြောင်းကို ပြည်သူများ သိရှိပြီးဖြစ်သည်ဟု ဖယ်ခုံ PDFက ထုတ်ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်သည် မေလ ၁၅ ရက် ညနေပိုင်းကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ပြည်သူသုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချဖယ်ရှားခဲ့သော စစ်တပ်ကို အသိအမှတ်ပြု တရားဝင်မှုမပေးဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျအကျိုးစီးပွားကို ရပ်တည်ကာကွယ်နိုင်စွမ်းရှိသည့် ဝါရင့်သံတမန်ကို စေလွှတ်နိုင်လိမ့်မည်ဟု DFATက မျှော်လင့်ထားသည်။

သတင်း

ဆောင်နန်းခဲရွာအနီးတောင်ကြော၌ မေလ ၁၅ရက်က ဖြစ်ပွားသည့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ရဲတံခွန် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကြီးသည် ၃ ဒဿမ ၂ ထရီလျံ ကုဗပေ ထုထည်ရှိသော သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး ၂၀၀၀ပြည်နှစ် တွင် စတင် ထုတ်ယူကာ တစ်နေ့လျင် ၂၀၀ မီလီယံပေ ကနဦး ထုတ်ယူနိုင်ကြောင်း သိရသည်။