Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပူပူ၊ မိုးရွာရွာ စစ်ကောင်စီတပ်တိုက်ခိုက်ရေး Mission များရှိနေဟု ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များပြော

ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ရှေ့တန်းမှတိုက်ခိုက်နေစဥ် လူထုအနေဖြင့် ကြောက်ရွံ့မနေဘဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

(Young Force(UG) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်)

နေပူပူ၊ မိုးရွာရွာမည်သည့်အခြေအနေမဆို စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ရေး Mission များရှိနေကြောင်း ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ထုတ်ပြန်လိုက်ပြီး ပြည်သူလူထုအနေဖြင့် အကြောက်တရားကင်းစွာ ပူးပေါင်းကူညီပေးရန် တိုက်တွန်းလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီအား ပုံစံမျိုးစုံဖြင့် တိုက်ခိုက်သွားမည့်အကြောင်းကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များဖြစ်သည့် Ranger (PKU)၊RSO (PKU)နှင့်Young Force( UG)တို့က ယနေ့( မေ ၁၇ရက်)ညနေတွင် အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

(Young Force(UG) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်)

” မိုးရွာရွာ၊နေပူပူ mission ရှိပါသည်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ထုတ်ပြောထားပြီး ပြည်သူလူထုနှင့် အ​မြဲတစေအတူရှိနေမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ရှေ့တန်းမှတိုက်ခိုက်နေစဥ် လူထုအနေဖြင့် ကြောက်ရွံ့မနေဘဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

မဟာမိတ်သုံးဖွဲ့သည် ယမန်နေ့(မေလ ၁၇ရက်)ညက ပခုက္ကူမြို့ မြဝတီဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က သေဆုံးသူအချို့ရှိခဲ့ပြီး နောက်ဆက်တွဲ သတင်းများအားစုံစမ်းနေပြီး သိရှိရပါကဆက်လက် အသိပေးသွားပါမည်ဟု Ranger(PKU)က ထုတ်ပြန်သည်။

(Young Force(UG) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်)

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးတွင် ရဲရင့်တက်ကြွနေပြီး စစ်ကောင်စီဒေါက်တိုင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ရှင်းလင်းနေသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားပေါ်မှအဆင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ငါးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးစစ်သားတစ်ဦးမှာ ခါးပိုင်းပြတ်ကျသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။

သတင်း

“စစ်ကား (၄)စီးဖြင့်၊ လက်နက်များ သယ်ဆောင်ပြီး မူဆယ်ဘက်အဆင်းမှာ ကေအိုင်အေဘက်က လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကား(၃) စီးပျက်စီးသွားကြောင်းကြား သိရပါတယ်”ဟု သတင်းတွင် ဖော်ပြထားသည်။

သတင်း

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးသွားသည့် စစ် ကောင်စီရုပ်အလောင်းများကို ကားဖြင့် ပြန် လည်သယ်ယူနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြ သည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ စစ်သည်နှစ်ဉီးကျဆုံးပြီး နှစ်ဉီးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။