Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆွမ်ပရာဘွမ် – ပူတာအိုလမ်း၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

“စစ်ကား (၄)စီးဖြင့်၊ လက်နက်များ သယ်ဆောင်ပြီး မူဆယ်ဘက်အဆင်းမှာ ကေအိုင်အေဘက်က လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကား(၃) စီးပျက်စီးသွားကြောင်းကြား သိရပါတယ်”ဟု သတင်းတွင် ဖော်ပြထားသည်။

ကွတ်ခိုင်တွင်လည်း KIA တိုက်ခိုက်မှုကြောင့် စစ်ကား သုံးစီးပျက်စီး

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် – ပူတာအိုလမ်းတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

မေလ ၁၇ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်ခန့်တွင် KIA တပ်မဟာ(၁)၊ တပ်ရင်း(၁၀)နယ်မြေ ခဂရန်းကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်ထောင်းရွာအထက်နား၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ ဖော်ပြမထားပေ။

ယမန်နေ့(မေလ ၁၆ရက်) ညပိုင်းကလည်း ရှမ်းမြောက်ဒေသ ရှိ KIA တပ်မဟာ(၄)၊ တပ်ရင်း(၈) နယ်မြေ ကွတ်ခိုင်မြို့နယ် ဟူနောင်ရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန The Kachinnet က ဖော်ပြသည်။

Public Service Announcement

“စစ်ကား (၄)စီးဖြင့်၊ လက်နက်များ သယ်ဆောင်ပြီး မူဆယ်ဘက်အဆင်းမှာ ကေအိုင်အေဘက်က လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကား(၃) စီးပျက်စီးသွားကြောင်းကြား သိရပါတယ်”ဟု သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများ အမြဲရှိနေ၍ KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀)နယ်မြေများ၌ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားပေါ်မှအဆင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ငါးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးစစ်သားတစ်ဦးမှာ ခါးပိုင်းပြတ်ကျသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များ​က ရှေ့တန်းမှတိုက်ခိုက်နေစဥ် လူထုအနေဖြင့် ကြောက်ရွံ့မနေဘဲ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

သတင်း

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးသွားသည့် စစ် ကောင်စီရုပ်အလောင်းများကို ကားဖြင့် ပြန် လည်သယ်ယူနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြ သည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ စစ်သည်နှစ်ဉီးကျဆုံးပြီး နှစ်ဉီးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။