Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာဖဂန် လူ့အခွင့်အရေး ကောင်စီကို တာလီဘန် အစိုးရ ဖျက်သိမ်း

တာလီဘန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြု အာဖဂန် အစိုးရကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြုတ်ချပြီး တစ်နိုင်ငံလုံးကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်း တချို့ကို ဆက်တိုက် ပယ်ဖျက်လာပါတယ်။

အာဖဂန် နစ္စတန်ကို သိမ်းပိုက်ထားတဲ့ တာလီဘန် စစ်သွေးကြွတွေဟာ နိုင်ငံရဲ့ အဓိက လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးကို ဖျက်သိမ်းစေခဲ့ပါတယ်။

လွတ်လပ်တဲ့ အာဖဂန် နစ္စတန် လူ့အခွင့်အရေး စောင့်ကြည့် ကော်မရှင်ကို ဖျက်သိမ်းစေခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဒီကော်မရှင်ကို လက်တွေ့ မလိုအပ်တာကြောင့်လို့ တာလီဘန်တွေက အကြောင်းပြချက် ပေးခဲ့ပါတယ်။

တာလီဘန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြု အာဖဂန် အစိုးရကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြုတ်ချပြီး တစ်နိုင်ငံလုံးကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့အစည်း တချို့ကို ဆက်တိုက် ပယ်ဖျက်လာပါတယ်။

အာဖဂန်မှာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အမျိုးသမီးရေးရာ ဝန်ကြီးဌာနတို့လည်း ဖျက်သိမ်း ခံခဲ့ရပြီး ဖြစ်ပါတယ်။ နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တာဝန်ယူ ကိုင်တွယ်ဖို့အတွက် တခြား အဖွဲ့အစည်းတွေလည်း ရှိနေတာကြောင့် ကော်မရှင်ကို ဖျက်ပစ်ခဲ့တာလို့ တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ အင်နာမူလာ ဆာမန်ဂါနီက ပြောပါတယ်။

ဖျက်သိမ်း ခံလိုက်ရတဲ့ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အမေရိကန် သိမ်းယူထားတဲ့ ဆယ်စုနှစ် နှစ်ခုကြာ ကာလအတွင်း တာလီဘန်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံးတာကို စာရင်း ပြုစုရတာမျိုးတွေ ပါဝင်ပါတယ်။

တာလီဘန် အစိုးရက ပထမဆုံးအကြိမ် နှစ်ပတ်လည် ဘတ်ဂျတ် အစီအမံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကြေညာခဲ့ချိန်မှာ အမျိုးသား လုံခြုံရေး ကောင်စီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းမှု ကောင်စီတို့လည်း ဖျက်သိမ်း ခံခဲ့ရတာ တွေ့ရပါတယ်။

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်ထိ အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးတဲ့ တာလီဘန်တွေက ဒီတစ်ကြိမ် နိုင်ငံအာဏာကို ထိန်းချုပ်လိုက်ရာမှာ ပိုမို ညင်သာ ပျော့ပျောင်းပြီး ဘာသာရေး အစွန်းမရောက်တဲ့ လမ်းစဉ်တွေကို ကျင့်သုံးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ လက်တွေ့မှာတော့ လပိုင်းအတွင်း အာဖဂန် နိုင်ငံသားတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေဟာ ဆက်တိုက် ကန့်သတ်ခံလာနေရကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သင်တန်းပေးရန် အစီအစဉ်သည် ရှေ့ရေးကို ရှေးရှုပြု လုပ်ခြင်းဖြစ်ပြီး ယခင်အစိုးရများ၏ အစီအစဉ်များဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံဒါရိုက်တာ ပြောသည်။

ဗီဒီယို

ဂျွန်လီဟာ ရာထူးသက်တမ်း စေ့သွားပြီဖြစ်တဲ့ ကယ်ရီလမ်ရဲ့ နေရာမှာ မေ ၈ ရက်ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခန့်အပ်ခြင်းဟာ တရုတ် အနေနဲ့ လက်အောက်ခံ ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် အာဏာစက်သုံးပြီး အုပ်ချုပ်လာမယ့် အလားအလာတစ်ခုလို့ ယူဆနိုင်ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာမှာ မတ်လကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေတွေ၊ ညမထွက်ရ အမိန့်တွေ ကြေညာခဲ့ဖူးပေမယ့် ဆန္ဒပြမှုတွေကို မတားဆီးနိုင်တာကြောင့် အဲဒီ အမိန့်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အခုတစ်ခါ အသစ်ထပ်ပြီး ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကလည်း ၁၄ ရက်အတွင်း လွှတ်တော်ရဲ့...

ဗီဒီယို

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။