Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိန်းချုပ်နယ်မြေမှာ ဖက်ဒရယ်ရေးရာသင်တန်း KNU ဦးစီးဖွင့်လှစ်

သင်တန်းမှာ ဒီမိုကရေစီစနစ် ၊ ဖက်ဒရယ်ရေးရာ ၊ အစိုးရ အုပ်ချုပ်ရေး ၊ ကွန်ဖက်ဒရေးရင်းနဲ့ ဖက်ဒရယ် ကွာခြားချက် ၊ မြန်မာ့နိုင်ငံရေးသမိုင်း ၊တိုင်းရင်းသားလက်နက်ကိုင်သမိုင်း နဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို ပို့ချတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခင်းအကျင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ရဲ့ ရပ်တည်မှုတွေအကြောင်း လူငယ်တွေ သိရှိနိုင်စေဖို့ အတွက် ထိန်းချုပ်နယ်မြေမှာ KNU က ဖက်ဒရယ်ရေးရာ သင်တန်း ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဒီသင်တန်းကို KNU စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန (ဗဟို) စီမံပြီးမေလအတွင်းကဖွင့်လှစ်ခဲ့တာလို့သိရပါတယ်။ သင်တန်းကို တိုင်းရင်းသားလူမျိုး လူငယ်ပေါင်းစုံ တက်ရောက်ကြပြီး စုစုပေါင်း ၂၂ ဦးတက်ရောက်ကြတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

သင်တန်းမှာ ဒီမိုကရေစီစနစ် ၊ ဖက်ဒရယ်ရေးရာ ၊ အစိုးရ အုပ်ချုပ်ရေး ၊ ကွန်ဖက်ဒရေးရင်းနဲ့ ဖက်ဒရယ် ကွာခြားချက် ၊ မြန်မာ့နိုင်ငံရေးသမိုင်း ၊တိုင်းရင်းသားလက်နက်ကိုင်သမိုင်း နဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို ပို့ချတယ်လို့သိရပါတယ်။

သင်တန်းဆရာတွေအဖြစ် ပဒိုစောလှထွန်း ၊ ပဒိုစောသမိန်ထွန်း ၊ ပဒိုစောပိုပိုထူးအောင်တို့ကဆောင်ရွက်ကြတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မြ၀တီမြို့နယ် သေ့ဘောဘိုး ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း စစ်မြေပြင်မှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မှူးတစ်ဦးက ပြောကြားသည်။

သတင်း

ကျောင်းသားတွေဟာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ မတက်ရဲကြတော့တာကြောင့် နယ်စပ်မှာရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံးဖွင့်လှစ်ထားတဲ့ အဆောင်တွေမှာ လာရောက်နေထိုင်ပြီး ကေအဲန်ယူရဲ့ KECD အောက်က ကျောင်းတွေမှာ လာရောက်ပညာသင်ကြားနေရတာဖြစ်ပါတယ်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေ များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘာအံ ဒေသများ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပါဝင်သည်ဟု ၎င်း ကဆိုသည်။

သတင်း

စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဒေသတွင်းမှာရှိတဲ့ ကေအဲန်ယူကျန်းမာရေးနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့က ဆေးဝါးကုသမှုတွေ လိုက်လံပြီးလုပ်ဆောင်ပေးနေတယ်လို့ KWO က ဆိုပါတယ်။