Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လုပ်ငန်းရှင်ကြီးများကို တရားဝင်စာပို့အခွန်ကောက်ခံသွားမည်ဟု NUG ဝန်ကြီးပြော

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

နွေဦးတော်လှန်ရေးအတွက် လုပ်ငန်းရှင်ကြီးများက အခွန်ပေးဆောင်ပါဝင်ထားခြင်းမရှိသော ကြောင့် တရားဝင်စာပို့ပြီး အခွန်ကောက်ခံသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။

NUGက အခွန်ကောက်ခံရာတွင် သာမာန်လုပ်ငန်းရှင်များကသာ အမေရိကန်ဒေါ်လာ ၅သောင်း၊ တစ်သိန်းအထိ အခွန်ပေးဆောင်ထားပြီး လုပ်ငန်းရှင်ကြီးများက အခွန်ပေးဆောင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

“လုပ်ငန်းရှင်ကြီးတွေထက် လုပ်ငန်းရှင်တွေဆောင်ကြတယ်၊ တကယ့်လုပ်ငန်းရှင်ကြီးတွေအဆင့်မဟုတ်ဘူး။ သူတို့က အများဆုံးဆောင်တာ ဒေါ်လာ ၅သောင်း၊ အများဆုံးက ဒေါ်လာတသိန်းဆောင်တဲ့သူရှိတယ်။ ဒါပေမယ့် တစ်ယောက်တည်းရှိသေးတယ်”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

အခွန်ဆောင်သည့်လုပ်ငန်းရှင်များတွင် သာမာန်စတိုးဆိုင်ပိုင်ရှင်အဆင့်များသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထိုကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် NUGကို တရားဝင်အခွန်ဆောင်ရန် စာပေးပို့သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

နွေဦးတော်လှန်ရေးအတွက် ဘဏ္ဍာငွေကို နွေဦးထီးရောင်းချခြင်း၊ ငွေတိုက်စာချုပ်များ ရောင်းချခြင်း၊ အခွန်ကောက်ခံခြင်းနှင့် အကြမ်းဖက်စစ်ခေါင်းဆောင်ပိုင်ဆိုင်သည့် အိမ်နှင့်မြေကွက်များကိုရောင်းချခြင်းတို့ အဓိက ရှာဖွေနေခြင်းဖြစ်သည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများ၏ လှူဒါန်းငွေများမှာလည်း အဓိက ရရှိနေသည်။

လက်ရှိတွင် ငွေတိုက်စာချုပ်ရောင်းချခြင်းမှ ကန်ဒေါ်လာ ၃၇သန်း၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းယူထားသည့် ရန်ကုန်မြို့ အင်းယားလမ်းရှိ အိမ်နံပတ်(၁၄) ရောင်းချရာတွင် ရရှိထားသည့် ဒေါ်လာ ၇သန်းတို့ရရှိထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

သတင်း

ရတနာပြပွဲတွေမှာ ပါဝင်တဲ့ပုဂ္ဂလိက ကုမ္ပဏီတွေ ၊အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းတင်ထားပြီး အမည်ပျက်စာရင်းသွင်းတာ ၊လုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းတာတွေ လုပ်မယ်လို့ လည်းသိရပါတယ်။

သတင်း

PDF တွေအတွက် အဓိက အားနည်းချက်ဟာ စစ်လက်နက်ခဲယမ်းမီးကျောက် ဖြစ်တယ်လို့ ဝန်ကြီးကဝန်ခံထားပါတယ်။စစ်လက်နက်ခဲယမ်း ဝယ်ယူဖို့ ၊ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေ ရှာဖွေတာ ၊ လက်နက်သယ်ယူ ဖြန့်ဝေ တပ်ဆင်ရာ မှာ စိန်ခေါ်မှုအခက်အခဲအများကြီးကြုံရတယ်လို့ ဝန်ကြီးကပြောဖူးပါတယ်။

သတင်း

ပြည်သူလူထုထံသို့ပြီးခဲ့သည့် ဧပြီအတွင်း ထောက်ပံ့ခဲ့သည့်အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၁၇ရက်) ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။