Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂါနယ်တောင်ပိုင်းရှိ ယောဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ် ရဟတ်ယာဥ်လေးစီးဖြင့် တိုက်ခိုက်နေ

လာရောက်ပစ်ခတ်သည့် ရဟတ်ယာဥ်များသည် Mi 35 နှင့် Mi 17 အမျိုးအစားများဖြစ်ကြောင်း လည်း အသိပေးသည်။

မကွေးတိုင်း၊ ဂန့်ဂါမြို့နယ်တောင်ပိုင်းရှိ ယောဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်လေးစီးဖြင့်တိုက်ခိုက်နေသည်ဟု YDF တာဝန်ရှိသူက People’s Springသို့ အတည်ပြုသည်။

ယနေ့(မေ ၂၆ ရက်) နံနက် ၁၁နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်အနီးတစ်ဝိုက်ရှိ အရာရှိရိပ်သာကုန်းအနီး ထိုးစစ်ဆင်လာခြင်းဟု ဆိုသည်။

“အဲဒီမှာကျွန်တော်တို့ YDFရဲ့ စခန်းတစ်ခုရှိတယ်။ရဟတ်ယာဥ် လေးစီးနဲ့ကို လာပစ်တာ။အခုတော့သုံးစီး တပ်ပြန်ဆုတ်သွားတယ်။ တစ်စီးက ထပ်ကင်းထောက်နေတုန်းပဲ”ဟု YDF တာဝန်ရှိသူက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။

စခန်းအား ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်စီး နင်းခံရမှုတွင် ရဲဘော်များ ထိခိုက်ကျဆုံးမှု ရှိ၊မရှိကို မစိစစ်ရသေးဟုလည်း ၎င်းက ဆက်ပြောသည်။

လာရောက်ပစ်ခတ်သည့် ရဟတ်ယာဥ်များသည် Mi 35 နှင့် Mi 17 အမျိုးအစားများဖြစ်ကြောင်း လည်း အသိပေးသည်။

လက်ရှိတွင် မြစ်သာဆည်ပတ်ဝန်းကျင်ရှိ ပနန်း၊စင်ပုံ၊ယင်းမာ နှင့် စံပယ်ကျေးရွာတို့မှ ပြည်သူများ ထွက်ပြေးနေရသည်ဟုလည်း သိရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ၂၀၂၂ ဧပြီလတွင် ပြည်တွင်းသုံးစွဲမှုများနှင့် ပေးချေမှုများကို ကျပ်ငွေဖြင့်သာဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည့် အတိုင်းဆောင်ရွက်ရမည်ဟုဆိုထားသည်။

သတင်း

စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် တားမြစ်ခြင်း ကြေညာချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲများ ပြန်ဖြစ်လာပါက ၂၀၁၅ နောက်ပိုင်းကတည်းက လမ်းခရီးသွားလာရေး အခက်အခဲရှိနေသည့်ဒေသ၌ ပိုမိုတင်းကြပ်မှုများ ဖြစ်လာနိုင်ကြောင်း ဒေသခံက ပြောသည်။