Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

နည်းပညာမြင့် စစ်လက်နက်တွေ ယူကရိန်းဆီ ပို့ဆောင်သွားမယ်လို့ အမေရိကန်ပြော

အမေရိကန်က ပေးပို့မယ့်ထဲမှာ ယူကရိန်းရဲ့ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့အတွက် Harpoon အမျိုးအစား ဒုံးကျည် စနစ်တွေလည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်စတင်က ဆိုပါတယ်။

လက်ရှိ ထောက်ပံ့နေတာတွေထက် နည်းပညာပိုင်း ပိုအဆင့်မြင့်တဲ့ စစ်လက်နက်တွေ ယူကရိန်းကို ပေးပို့ ကူညီသွားမယ်လို့ အမေရိကန်က အတည်ပြုခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၅၀ လောက်က ကာကွယ်ရေး ဝန်ကြီးတွေ ညှိနှိုင်း ဆွေးနွေးမှုအပြီး ယူကရိန်းကို ပိုပြီး ခေတ်မီ အားကောင်းတဲ့ စစ်လက်နက်တွေ စုပေါင်း ထောက်ပံ့ပေးကြဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ပြောပါတယ်။

အမေရိကန်က ပေးပို့မယ့်ထဲမှာ ယူကရိန်းရဲ့ ကမ်းရိုးတန်း ဒေသတွေကို ကာကွယ်ဖို့အတွက် Harpoon အမျိုးအစား ဒုံးကျည် စနစ်တွေလည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ အော်စတင်က ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် အနေနဲ့ ယူကရိန်း တပ်ဖွဲ့တွေကို လေ့ကျင့်ရေး ကဏ္ဍမှာ ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတာနဲ့ ယူကရိန်း အခြေစိုက် အမေရိကန် စစ်တပ်တွေ ထားသင့် မထားသင့် ဆိုတာတွေအတွက် ကနဦးအဆင့် ဆွေးနွေးမှုတွေ စတင်နေကြောင်း အမေရိကန် ပူးပေါင်းစစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး မတ်ခ်မစ်လေက မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမစခင် ယူကရိန်းရောက် စစ်သည်တွေကို အလျင်အမြန် ပြန်လည် ခေါ်ယူခဲ့ပြီး လတ်တလောမှာလည်း စစ်သည်တွေ အလောတကြီး ပြန်လွှတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မစ်လေရဲ့ စကားအရ လေ့ကျင့်ရေး ကဏ္ဍကို အကြောင်းပြုပြီး ယူကရိန်းကို အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ရောက်လာနိုင်ခြေ ရှိနေပါတယ်။

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာ ထားရှိတဲ့ အမေရိကန် သံရုံးကလည်း တစိတ်တပိုင်း ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်တာကြောင့် သံရုံးကို ကာကွယ် စောင့်ရှောက်ဖို့ မရိန်း တပ်ဖွဲ့ဝင်တွေ ပြန်လည် စေလွှတ်မလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အမေရိကန်ဟာ ယူကရိန်းအတွက် နည်းပညာမြင့် စစ်လက်နက်တွေ ထောက်ပံ့မှာ ဖြစ်ပေမယ့် ယူကရိန်း အစိုးရ တောင်းဆိုထားတဲ့ ရွေ့လျား ဒုံးကျည်ပစ်စင်တွေ ပေးပို့မလားဆိုတဲ့ မေးခွန်းကိုတော့ အော်စတင်က မဖြေခဲ့ပါဘူး။ ဒါပေမဲ့ ယူကရိန်း ကမ်းရိုးတန်းကို ကာကွယ်ဖို့အတွက် အမေရိကန်လုပ် Harpoon ဒုံးကျည်တွေကို ဒိန်းမတ်က တင်ပို့ပေးဖို့တော့ အမေရိကန်က ခွင့်ပြုထားပြီး ဖြစ်ကြောင်း အော်စတင်က အတည်ပြုခဲ့ပါတယ်။

တကယ်လို့ ယူကရိန်းကသာ Harpoonတွေကို စစ်မြေပြင်မှာ လက်တွေ့ အသုံးပြုခွင့် ရလာမယ်ဆိုရင် ပင်လယ်နက်ထဲမှာ လှုပ်ရှားနေတဲ့ ရုရှား ရေတပ်ဖွဲ့တွေအတွက် အကြီးအကျယ် ခြိမ်းခြောက် ခံလာရနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ အစောပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေ ကူညီခွင့်ပြုဖို့ အထူးအမိန့်ကို လက်မှတ် ရေးထိုးထားခဲ့ပြီး ဖြစ်ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။

ဗီဒီယို

သမ္မတ ဇီလန်စကီးက သံတမန်ရေး လမ်းကြောင်းနဲ့သာ စစ်ပွဲကို ရပ်တန့်နိုင်မယ်လို့ ပြောဆိုထားပေမယ့် ယူကရိန်းရဲ့ သံတမန်အဖွဲ့ ကိုယ်စားလှယ် အကြီးအကဲ မိုင်ခေလို ပိုလ်ဒိုယက်ခ်ကတော့ လောလောဆယ် ဆွေးနွေးမှုတွေ အားလုံး ယာယီ ရပ်ဆိုင်းထားရကြောင်း ဝန်ခံခဲ့ပါတယ်။

သတင်း

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ဘုံစိုးရိမ်ပူပန်မှုများကို မျှဝေခဲ့ပြီး ကမ္ဘာတဝန်းလူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့် တင်ဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။

နိုင်ငံတကာ

ပင်လယ်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရုရှားရေတပ်မှာ ရေငုပ်သင်္ဘောတွေ အပါအဝင် ရေယာဉ် ၂၀ လောက် ရှိမယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။