Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂၉ ဦး​သေဟု ​ချောင်းဦးနှင့်​မြောင်PDFထုတ်ပြန်

အုပ်စုလိုက်ခြေလျင်လမ်းလျှောက်လာကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းကြောင့် ၂၉ ဦး​နေရာတင်သေဆုံး၍ (၁၂)ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ​MSPDF ကအသိ​ပေးသည်။

(ဧပြီလကုန်ပိုင်းတွင် စစ်​ကောင်စီတပ်ယာဥ်တန်းသည်မန္တ​လေး-မုံရွာလမ်းအတိုင်း စစ်ကိုင်းတိုင်းအတွင်းဝင်​ရောက်လာစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ခြေလျင်မိုင်းရှာထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့အား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၂၉ ဦး​နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း ​ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)နှင့် ​မြောင်မြို့နယ်ပြည်သူ့ကာကွယ်​​ရေးအထူးတပ်ဖွဲ့ (MSPDF) တို့ကထုတ်ပြန်သည်။

ယနေ့ (မေလ ၂၆ ရက် ) နံနက်ပိုင်းက ​ချောင်းဦးမြို့နယ်မှထွက်ခွာလာ​သော စစ်ကောင်စီအင်အား (၅၀)ခန့်နှင့် အင်အားအပြည့်လိုက်ပါလာ​သည့် သံချပ်ကား ၂ စီးကို မုံရွာ-မန္တလေးလမ်းမပေါ် မိုင်းရှာထွက်လာရာ နတ်ရေကန်နှင့် ​ရေပိုးစားရွာကြားတွင် ပဒေသာတွဲပွိုင့် ၂ ပွိုင့် (မိုင်း ၈ လုံး)ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အုပ်စုလိုက်ခြေလျင်လမ်းလျှောက်လာကြသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဒေသာမိုင်းကြောင့် ၂၉ ဦး​နေရာတင်သေဆုံး၍ (၁၂)ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ​MSPDF ကအသိ​ပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍သေဆုံးထိခိုက်မှုအခြေအနေကို People’s Springကသီးခြားအတည်မပြုနိုင်ပါ။

CHU PDF တပ်ခွဲ (၃)မှရဲဘော်များနှင့် MSPDF မှရဲဘော်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိဟု ချောင်းဦး PDF က ပြောသည်။

​ချောင်းဦး PDFသည် ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီတပ်ကိုမကြာခဏတိုက်ခိုက်​နေသည်။

ယ​နေ့ နံနက်မှာပင် ​ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်​ကောင်စီတပ်ယာဥ်တန်းကို PDF ​လေးဖွဲ့က ပူး​ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၉ ဦး​သေဆုံးခဲ့​ကြောင်း ထိုPDF များကထုတ်ပြန်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။

သတင်း

မေလ ၂၃ ရက်ကလည်း ချောင်းဦး - မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မိုင်းကွင်းပေါ်သို့ ခြေလျင်လျှောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းထိသွားခဲ့ပြီး ၉ဦးခန့်ဆေးရုံရောက်သွားကြောင်း၊ ယမန်နေ့ (မေလ ၂၅ ရက်)တွင် ဆေးရုံရောက်သူများအနက် အကြမ်းဖက်စစ်သားအချို့ သေဆုံးကြောင်း MMU PDFက ပြောသည်။

သတင်း

ခိုလှုံလာသည့်တပ်သားနိုင်ဝင်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စီစဥ်ထားပြီး လက်ရှိတွင် KLG PDF က ခေတ္တထိန်းသိမ်းထားဆဲ ဖြစ်သည်။