Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းမှာ ကလေးမိခင်တစ်ဦးဈေးရောင်းပြီးအပြန်လမ်းမှာ မိုင်းနင်းမိလို့သေဆုံး

မစန္ဒာလင်းဟာ မနက် ၈ နာရီလောက်မှာ ဈေးရောင်းရာကအပြန်လမ်းမှာ မိုင်းနင်းမိပြီး ကွယ်လွန်သွားခဲ့ရတာပါ။

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်အတွင်းက ကုန်းရွာမှာနေထိုင်တဲ့ ကလေးမိခင် အသက် ၂၂ နှစ်အရွယ် မစန္ဒာလင်းဟာ ဒီနေ့မနက်ပိုင်းက မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီသိရပါတယ်။

မစန္ဒာလင်းဟာ မနက် ၈ နာရီလောက်မှာ ဈေးရောင်းရာကအပြန်လမ်းမှာ မိုင်းနင်းမိပြီး ကွယ်လွန်သွားခဲ့ရတာပါ။

Public Service Announcement

ဝမ်းတွင်းမြို့ကသတင်းတွေကို ဖော်ပြနေတဲ့ Voice of Wundwin ဖေ့ဘွတ်ခ်ပေ့ချ်မှာဖော်ပြချက်အရ မစန္ဒာလင်းဟာ ငါးရောင်းရာကနေအပြန်မှာအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာလို့သိရပါတယ်။ ကွယ်လွန်သွားတဲ့ မစန္ဒာလင်းမှာ အသက် ၂ နှစ်အရွယ်သားယောင်္ကျားလေး ကျန်ခဲ့တယ်လို့သိရပါတယ်။

ဝမ်းတွင်းမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအင်အားစု ကတော့ ဒီမိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ဖြစ်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် ယခင်ရက်ပိုင်းအတွင်းက သေနတ်ပါသည့် ရဲနှစ်ဦးကိုပင် ဝင်လုံးတိုက်ခိုက်ခဲ့ပြီး ယခုလို အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးကို တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ဒေသခံအချိူ့က ထင်မြင်ချက်ပေးသည်။

သတင်း

စစ်တပ်အာဏာမသိမ်းမီပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရှုံးခဲ့သူများသည် ၎င်းတို့အရှုံးကို လက်မခံဘဲ အမျိုးမျိုးဝေဖန်နေကြပြီး ၎င်းတို့လုပ်ရပ်သည် Political Suicide(ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ခြင်း)ဖြစ်သည်ဟု ​ပြောခဲ့သည်။

နိုင်ငံတကာ

နှစ်ထပ် ကူးတို့ယာဉ်ပေါ်မှာ လောင်ကျွမ်းတဲ့ မီးက အတော်လေး အားကောင်းခဲ့ပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ ရေယာဉ် အနီးတဝိုက်မှာ အသက်ကယ် အင်္ကျီတွေ ဝတ်ပြီး ခုန်ချသွားတဲ့ ခရီးသည်တွေကိုလည်း လိုက်လံ ကယ်ဆယ်ခဲ့ရပါတယ်။

သတင်း

မေလ ၂၂ရက် နံနက် ၈နာရီခွဲတွင် Eagles Army၊ Tagung PDF၊ MGZ PDF၊ Fox Army ၊ KIA PDF များ ပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး ပြန်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြို၍ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု...