Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လူသတ်သမားလို့ စွပ်စွဲခံရပေမယ့် ပူတင်လို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို မသတ်ဘူးလို့ ဒူတာတေးပြော

အရင်က ဒူတာတေးဟာ ပူတင်ကို စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး၊ မိတ်ဆွေကောင်း တစ်ဦးလို့ အတိအလင်း ချီးကျူးဖူးပေမယ့် ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုတာ သုံးလပြည့်တဲ့ နေ့မှာတော့ အခုလိုမျိုး လေသံပြောင်းပြီး ဝေဖန် ထိုးနှက်လာတာ ဖြစ်ပါတယ်။

လူသတ်သမားတွေလို့ စွပ်စွဲ ခံကြရတာချင်း တူရင်တောင် သူဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ထက် အများကြီး ပိုသာတယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

ဒူတာတေးဟာ သမ္မတဘဝ အစောပိုင်း ကာလတွေတုန်းက ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို အကြမ်းနည်းနဲ့ နှိမ်နင်းခဲ့တာကြောင့် နာမည်ဆိုး ထွက်ခဲ့သူပါ။ သူဟာ ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့်တွေ အမြင့်ဆုံး ပေးထားပြီး မူးယစ် မှောင်ခိုသမားလို့ သံသယ ရှိရုံနဲ့ ဖမ်းဆီးချုပ်နှောင်ခွင့်၊ သုတ်သင် ရှင်းလင်းခွင့် ပြုခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဖိလစ်ပိုင်မှာ အတော်လေး သွေးမြေကျရတဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဒူတာတေးအပေါ် အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

အခုအခါ ရာထူးသက်တမ်း ကုန်ဆုံးလို့ သမ္မတ အဖြစ်ကနေ မကြာခင် နုတ်ထွက်တော့မယ့် ဒူတာတေးက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ပူတင်ရဲ့ လုပ်ရပ်ကို အကြီးအကျယ် ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။ သူရော၊ ပူတင်ပါ လူသတ်သမားတွေလို့ တံဆိပ်ကပ်တာ ခံခဲ့ရကြောင်း၊ ဒါပေမဲ့ သူဟာ ဒုစရိုက် သမားတွေကိုပဲ သတ်ဖြတ်စေခဲ့တာဖြစ်ပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို လိုက်သတ်နေတဲ့ လူစားမျိုး မဟုတ်ကြောင်း ဒူတာတေးက ပူတင်ကို ရည်ရွယ် ပြောကြားသွားပါတယ်။

အရင်က ဒူတာတေးဟာ ပူတင်ကို စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦး၊ မိတ်ဆွေကောင်း တစ်ဦးလို့ အတိအလင်း ချီးကျူးဖူးပေမယ့် ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုတာ သုံးလပြည့်တဲ့ နေ့မှာတော့ အခုလိုမျိုး လေသံပြောင်းပြီး ဝေဖန် ထိုးနှက်လာတာ ဖြစ်ပါတယ်။

ပူတင်က ရုရှားဟာ ယူကရိန်းကို ကျူးကျော် သိမ်းပိုက်ဖို့ မရည်ရွယ်ဘဲ ယူကရိန်း ပိုင်နက်ထဲမှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရုံသာ ဖြစ်တယ်လို့ အကြောင်းပြထားတာကိုလည်း ဒူတာတေးက လက်မခံခဲ့ပါဘူး။ ဒါဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအပေါ် ကျူးကျော်မှု သက်သက်သာ ဖြစ်တယ်လို့ ဒူတာတေးက အစိုးရ အဖွဲ့ဝင်တွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ဒူတာတေးဟာ သူ့ရဲ့ သမ္မတသက်တမ်း ၆ နှစ်တာအတွင်း ရုရှားကို နှစ်ကြိမ် သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံဖူးပါတယ်။ ပထမအကြိမ် ခရီးသွားနေတုန်းမှာ အိုင်အက်စ် အဆက်အနွှယ် အကြမ်းဖက် အဖွဲ့တွေက နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ကို သိမ်းယူလိုက်တဲ့ ဖြစ်စဉ်ကြောင့် သတ်မှတ်ကာလထက် စောပြီး ဖိလစ်ပိုင်ကို ကတိုက်ကရိုက် ပြန်ခဲ့ရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

နိုင်ငံတကာ

ဒူတာတေးဟာ သူ့ရဲ့ သမ္မတသက်တမ်း ၆ နှစ်တာအတွင်း ရုရှားကို နှစ်ကြိမ် သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံဖူးပါတယ်။ ပထမအကြိမ် ခရီးသွားနေတုန်းမှာ အိုင်အက်စ် အဆက်အနွှယ် အကြမ်းဖက် အဖွဲ့တွေက နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မြို့တစ်မြို့ကို သိမ်းယူလိုက်တဲ့ ဖြစ်စဉ်ကြောင့် သတ်မှတ်ကာလထက် စောပြီး ဖိလစ်ပိုင်ကို ကတိုက်ကရိုက်...

နိုင်ငံတကာ

ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေက ပိုမို ဆိုးရွားလာတယ်လို့ ယုံကြည်ရကြောင်းလည်း မဂ္ဂဇင်းက ဆိုပါတယ်။ ပူတင်ဟာ ဘယ်လို သွေးကင်ဆာ အမျိုးအစားကို ခံစားနေရသလဲ ဆိုတာကိုတော့ မဂ္ဂဇင်းက ဖော်ပြမထားပါဘူး။

ဗီဒီယို

ပူတင်ဟာ အင်တာဗျူး တစ်ခုမှာ ဆာဂျီ လက်ဗ်ရော့ဗ် ပြောဆိုသွားတဲ့ အငြင်းပွားစရာ မှတ်ချက်အတွက် အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဆီ ဖုန်းဆက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တပ်ဖွဲ့(Ywangan People's Defense Force)က ယနေ့( ဧပြီ ၂၂)ရက် နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။