Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

နွေဦးတက္ကသိုလ်သည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပိုမိုထိရောက်ကောင်းမွန် သော ပညာရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည်။

ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင် ပင်ခံပုဂ္ဂိုလ် Derek Chollet ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာအရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်အချို့ တက်ရောက်ခွင့်ရခဲ့ပြီး နွေဦးတော်လှန်ရေးအပေါ် လူငယ်များ၏ အတွေးအမြင်များ၊ ကြားကာလပညာရေး ဖော်ဆောင်နေမှုများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့အ​ပြင် အာဏာဖီဆန်နေဆဲ CDM ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာဆရာမများ၏ အခြေအနေ၊ အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ပညာရေးဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

နွေဦးတက္ကသိုလ်သည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပိုမိုထိရောက်ကောင်းမွန် သော ပညာရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။

News

စစ်ကောင်စီအဖွဲ့ဝင်တွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်တွေနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မနေ့ မေလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

News

ရွှေဘိုတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို မေလ ၁၉ ရက်ကပြုလုပ်ခဲ့သည်။

News

ယနေ့(မေ ၁၉)နေ့လယ် ၂ နာရီ ၄၅ ခန့်က သာကေတမြို့နယ် (၈)ထိပ်မှတ်တိုင် အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်တွင် သွေးသောက်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းကိုခံရပြီး နားထင်တွင် သေနတ်ဒဏ်ရာနှစ်ချက်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။