Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ဆိုတာဟာ စစ်ပွဲကို ဖိတ်ခေါ်တဲ့ သဘောပဲလို့ အမေရိကန်ကို တရုတ် သတိပေး

ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထုတ်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် တရုတ် စစ်တပ်ကလည်း အစွမ်းကုန် လက်တုံ့ပြန် တိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ကြောင်း ဝေက ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ဆိုတာဟာ စစ်ပွဲကို ဖိတ်ခေါ်တဲ့ သဘောပဲလို့ အမေရိကန်ကို တရုတ် သတိပေး
ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ဆိုတာဟာ စစ်ပွဲကို ဖိတ်ခေါ်တဲ့ သဘောပဲလို့ အမေရိကန်ကို တရုတ် သတိပေး

ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုလိုက်ခြင်းဟာ စစ်ပွဲကို ဖိတ်ခေါ်သလို ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်ကို တရုတ်က သတိပေးစကား ပြောလိုက်ပါတယ်။

ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးတွေဟာ စင်ကာပူနိုင်ငံမှာ အာရှ လုံခြုံရေး ညီလာခံ တက်ရောက်ရင်း တွေ့ဆုံကြတဲ့အခါ တရုတ်ရဲ့ ဝေဖန်ဟီက အမေရိကန်ရဲ့ လွိုက်ဒ် အော်စတင်ကို အခုလို တင်းမာတဲ့ သဘောထားမျိုး အသိပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထုတ်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် တရုတ် စစ်တပ်ကလည်း အစွမ်းကုန် လက်တုံ့ပြန် တိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ကြောင်း ဝေက ဆိုပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို လက်အောက်ခံ ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ဖူးပါတယ်။ ဒီမိုကရေစီ ပြည့်ဝထွန်းကားတဲ့ ထိုင်ဝမ်ကတော့ တရုတ်နဲ့ ဆက်စပ်မှု မရှိဘဲ သီးခြားစီ ရပ်တည်ဖို့သာ လိုလားနေပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး အော်စတင်ကတော့ ထိုင်ဝမ်နဲ့ အနီးတဝိုက်မှာ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေက ရန်လိုတဲ့ လုပ်ရပ်တွေဖြစ်ပြီး ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဝေက ထိုင်ဝမ် အစိုးရအတွက် အမေရိကန်က လက်နက်တွေ ရောင်းချပေးနေခြင်းကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တစ်စုံတယောက်ဟာ ထိုင်ဝမ်ကို တရုတ်ဆီကနေ ခွဲထုတ်ဖို့ ကြံစည် ကြိုးစားလာမယ်ဆိုရင် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်ကို မဆုတ်မနစ် ကာကွယ်သွားမယ့် တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA)ရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်လို့ ဝန်ကြီးဝေက သတိပေးခဲ့ကြောင်း ပြောကြားသွားပါတယ်။

အော်စတင်ကတော့ အမေရိကန်ဟာ ဘေဂျင်းမှာရှိတဲ့ တရုတ် အစိုးရရဲ့ ရပ်တည်မှုကို ဆက်လက် အသိအမှတ် ပြုနေမှာဖြစ်ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ ဝေကို အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်းက တင်းမာမှုတွေကို စစ်အင်အားသုံး ဖြေရှင်းတာမျိုးလည်း အမေရိကန်က လုပ်မှာ မဟုတ်ကြောင်း သူက အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရလက်ထက်မှာ အမေရိကန်နဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးတွေ ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှုဟာ တစ်နာရီလောက် ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် နဲ့ အမျိုးသား ၂ ဦးရဲ့ သေဒဏ်ကို အတည်ပြုပြီးကွပ်မျက် ဖို့ အကောင်အထည်ဖော်မယ်လို့ ပြောဆိုလာတာပါ။

သတင်း

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

ဗီဒီယို

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ လေထဲကနေတဆင့် ကူးစက်နိုင်ကြောင်း အတည်ပြု တွေ့ရှိထားပေမယ့် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ပြီး လေစီးကြောင်းနဲ့ ပါလာနိုင်သလား ဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့ ခက်နေဆဲပါ။