Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းကြီးရွာရှိ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် စစ်ကောင်စီအားအထောက်အပံ့ပြုနေသူ ၃၀ဦး သပိတ်ကျင်းနယ်မှ ငါးရက်အတွင်း ထွက်ခွာကြရန် ဗိုလ်လင်းယုန်အဖွဲ့က သတိပေး

နှင်ထုတ်ခံရသူများသည် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် စစ်တပ်၊ရဲ၊ ပျုစောထီး၊ ဒလန်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပေါင်း၍ အပြစ်မဲ့သွားလာနေသော ပြည်သူများ၊ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော အများပြည်သူများကို ဖမ်းဆီးရိုက်နှက် ချုပ်နှောင်မူများ ကျုးလွန်နေသူများဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ပြောသည်။

သပိတ်ကျင်းမြို့နယ်
သပိတ်ကျင်းမြို့နယ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အပါအဝင် စစ်ကောင်စီအားအထောက်အပံ့ပြုနေသူ ၃၀ ဦး သပိတ်ကျင်းနယ်မှ ငါးရက်အတွင်း ထွက်ခွာကြရန် ဗိုလ်လင်းယုန်အဖွဲ့က သတိပေးသည်။

ချောင်းကြီးကျေးရွာရှိ ရဲနှစ်ဦး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရုံးစာရေးနှင့် ရာအိမ်မှူး ၈ဦး၊ပျူစောထီး နှစ်ဦး၊ မူးယစ်ဆေးနှင့် လောင်းကစားဝိုင်းများထောင်ကာ စစ်ကောင်စီအား ကျည်ဆံဖိုးရှာပေးနေသော အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သူ ​ခြောက်ဦး၊အမှတ် (၁၊ ၂၊ ၈) ရပ်ကွက်များမှ သတင်းပေး ၁၀ဦး စုစုပေါင်း ၃၀ ဦးအား သပိတ်ကျင်းနယ်အခြေစိုက် ဗိုလ်လင်းယုန်အဖွဲ့က နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

နှင်ထုတ်ခံရသူများသည် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် စစ်တပ်၊ရဲ၊ ပျုစောထီး၊ ဒလန်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပေါင်း၍ အပြစ်မဲ့သွားလာနေသော ပြည်သူများ၊ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော အများပြည်သူများကို ဖမ်းဆီးရိုက်နှက် ချုပ်နှောင်မူများ ကျုးလွန်နေသူများဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ပြောသည်။

ထိုသို့ ကျူးလွန်သူများသည် နောက်(၅)ရက်အတွင်း ကျေးရွာနှင့်မြို့နယ်အတွင်းမှ ထွက်ခွာသွားရန်နှင့် ထုတ်ပြန်ချက်ကိုလိုက်နာခြင်းမရှိပါက ထိထိရောက်ရောက်ဝင်ရောက်ပစ်ခတ်ရှင်းလင်းမည်ဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က သတိပေးသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အားကျည်ဆန်ဖိုးပေး ထောက်တိုင်လုပ် ထောက်ပံ့နေသည့်၊ တော်လှန်ရေးအင်အားစုများကို မျက်ကွယ်ပြုလျက်ရှိနေသော ကုမ္ပဏီ၊စက်ရုံ၊ လုပ်ငန်း၊ ဆိုင်ဟူသမျှကိုလည်း ရှောင်တခင်ဝင်ရောက် ဖြိုဖျတ်တိုက်ခိုက်မည်ဖြစ်ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က သတိပေး ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကန်ပက်လက် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏လိုအပ်ချက်အရထုတ်ပြန်ချက်များကိုတသွေမတိမ်းဆက်လက် လိုက်နာပေးကြပါရန်လည်း ကန်ပလက် CDFက ထုတ်ပြန်သည်။

သတင်း

ကိုင်းမ ကျေးရွာတွင် နေအိမ်၁၀လုံး၊ နှောကုန်းရွာတွင် နေအိမ် ၅၂လုံး၊ လျော်ဖြူကုန်းရွာမှ နေအိမ် ၁၁၈ လုံးနှင့် စပါးကျည် ၃၅လုံး၊ ဇော်ချောင်းကျေးရွာမှ နေအိမ် ၈၉ လုံး၊ အလယ်ခုံ ကျေးရွာမှ ဘုန်းကြီးကျောင်း၁ ကျောင်းနှင့် နေအိမ် ၁၆၄လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း...

သတင်း

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်မေလ၃၁ ရက်နေ့အထိ ၆လအတွင်း စစ်ရာဇဝတ်မှုပေါင်း (၂၇၇၈) ခုကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်ကြောင်းပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ ၁၂ရက် နံနက် ၁၀နာရီခန့်တွင် ကင်းပုန်းဝင်ရန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို အင်းတော်မြို့နယ် မော်လူးနှင့် နန့်စီးအောင်ကြားလမ်းပိုင်း တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။