Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ခရိုင် စုပေါင်းရုံးကို ဗုံးပစ်တိုက်ခိုက်

“ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက် တော်သားများနှင့် မိဘပြည်သူများ၏ ပူးပေါင်း ကူညီမှုများနှင့်အတူ ဆောင်ရွက်ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ Updated သတင်းများကို ဆက်လက် အတည်ပြု သတင်းထုတ်ပြန်ပေးသွားပါမည်”ဟု သရက် PDF က ပြောသည်။

(သရက်-ကံမ ပူးပေါင်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်နေစဥ်)
(သရက်-ကံမ ပူးပေါင်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်နေစဥ်)

မကွေးတိုင်း၊ သရက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်စုပေါင်းရုံးဝန်းအတွင်း ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – Thayet က ယနေ့(ဇွန် ၁၃)ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁၂ နာရီ ၁၅ ခန့်က သရက်မြို့ ခရိုင်စုပေါင်းရုံးဝန်း၊ ထွေအုပ်ရုံးနောက်ဘက်ဝန်းအတွင်းသို့ သရက်-ကံမ ပူးပေါင်းတပ် (လင်းယုန်စစ်ဆင်ရေးအဖွဲ့)က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ပြည်သူဘက်သို့ ရပ်တည်သည့် ပြည်သူ့ဘက် တော်သားများနှင့် မိဘပြည်သူများ၏ ပူးပေါင်း ကူညီမှုများနှင့်အတူ ဆောင်ရွက်ပြုလုပ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ Updated သတင်းများကို ဆက်လက် အတည်ပြု သတင်းထုတ်ပြန်ပေးသွားပါမည်”ဟု သရက် PDF က ပြောသည်။

၎င်းတို့အနေဖြင့် စစ်ကောင်စီ၏ အဓိကယန္တရားဖြစ်သော စစ်ရေးပစ်မှတ်များ၊ အုပ်ချုပ်ရေးရုံးများနှင့် စစ်ကောက်စီ ထောက်တိုင်များကိုသာ မိမိတို့အဖွဲ့က မူဝါဒများနှင့်အညီ အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

ထို့အပြင် အများပြည်သူဆိုင်ရာ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ အစရှိသည်တို့ကို လုံးဝ တိုက်ခိုက်ခြင်းပြုမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

သရက်-ကံမပူးပေါင်းတပ်(လင်းယုန်စစ်ဆင် ရေးအဖွဲ့)သည် ဇွန်လ ၆ ရက်နေ့ညပိုင်းကလည်း သရက်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရုံး(EPC)ကို ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

"တကောင် ဗိုက်ပေါက်အူပွင့် ပွဲချင်းပြီး။ နှစ်ကောင် မရှုမလှဆန့်ငင်ဆန့်ငင်"ဟု မြစ်ကျိုးရွာခံတစ်ဦးပြောကြားမှုကိုကိုးကားပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

News

"ဒေါပုံ Fortune Plaza နား ဝက်စုမှတ်တိုင်နားက ဗုံးပေါက်သံလည်း ကြားတယ်။ ပစ်ခတ်သံ တွေလည်း ကြားရတယ်။ Ambulance ကားတွေလည်း သွားနေကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

News

တိုက်ပွဲ​ဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ပြီး အကြမ်းဖက်စစ်တပ်မှ ခြောက်ဦးခန့်သေဆုံးကာ ထိခိုက်မှုများစွာရှိခဲ့ပြီး ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှမရှိခဲ့ဘဲ ပြန် လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

News

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထားဝယ်-သရက်ချောင်း အဝေးပြေးလမ်းမကြီးကို သွားလာခြင်းမပြုလုပ်ရန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။