Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လောင်စာဆီကို ခွဲတမ်းစနစ်နဲ့ပဲ ရောင်းချနိုင်တော့မယ်လို့ သီရိလင်္ကာ အစိုးရ ဝန်ခံ

သီရိလင်္ကာ အစိုးရဟာ ဧပြီလကတည်းက ကားတွေ၊ ဆိုင်ကယ်တွေကို တစ်ကြိမ်ဆီဖြည့်ရင် ပမာဏ ဘယ်လောက်ပဲ အကန့်အသတ်နဲ့ ရနိုင်မယ် ဆိုတာမျိုး ကြေညာထားပြီးသားပါ။ အခုတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာမယ့် သဘောပါပဲ။

လောင်စာဆီကိုခွဲတမ်းစနစ်နဲ့ပဲရောင်းချနိုင်တော့မယ်လို့သီရိလင်္ကာအစိုးရဝန်ခံ
လောင်စာဆီကိုခွဲတမ်းစနစ်နဲ့ပဲရောင်းချနိုင်တော့မယ်လို့သီရိလင်္ကာအစိုးရဝန်ခံ

စီးပွားရေး အကြီးအကျယ် အကျပ်ရိုက်နေတဲ့ သီရိလင်္ကာ နိုင်ငံမှာ လောင်စာဆီကို အပတ်စဉ် ခွဲတမ်း စနစ်နဲ့သာ ဝယ်ယူခွင့် ပေးတော့မယ်လို့ သိရပါတယ်။

သီရိလင်္ကာ အစိုးရရဲ့ စွမ်းအင်ဝန်ကြီး ကန်ချာနား ဝီဂျီဆက်ကီရာက အစိုးရပိုင် Ceylon လောင်စာ ကော်ပိုရေးရှင်းဟာ ပြည်ပက လောင်စာဆီတွေ တင်သွင်း ဝယ်ယူဖို့ ငွေရေးကြေးရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။ ဒီအခြေအနေကြောင့် သီရိလင်္ကာမှာ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုတွေ ပိုကျပ်တည်းလာမယ့် သဘော ရှိနေပါတယ်။

သီရိလင်္ကာ အစိုးရဟာ ကြွေးမြီတွေ အကြီးအကျယ် ဖိစီးနေသလို နိုင်ငံခြားငွေ အပိုဆောင်း သိုလှောင်နိုင်မှုကလည်း သုညမှတ် နီးပါးလောက်ထိ ကျဆင်းနေပါတယ်။ ဒါကြောင့် လောင်စာဆီ အပါအဝင် အရေးကြီးတဲ့ ကုန်စည်တွေကို လုံလုံလောက်လောက် မတင်သွင်းနိုင်ဘဲ ရုန်းကန်နေရပါတယ်။

လက်ရှိ အခြေအနေတွေအရ ဆီဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကို အပတ်စဉ် ခွဲတမ်းနဲ့ ရောင်းချပေးဖို့အပြင် တခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ကြောင်း၊ Ceylonရဲ့ ဘဏ္ဍာရေး အခြေအနေ ပြန်အားကောင်းမလာမချင်း ဒီနည်းလမ်းကိုပဲ ကျင့်သုံးနေရမှာဖြစ်ကြောင်း ဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ တစ်ပတ်ကို လောင်စာဆီ ခွဲတမ်း ဘယ်လောက်ထိ ရောင်းချပေးမလဲ ဆိုတာကိုတော့ ဝီဂျီဆက်ကီရာက အတိအကျ ပြောမသွားပါဘူး။ ခွဲတမ်းနဲ့ ဆီရောင်းတဲ့ ကိစ္စဟာ နောက်လဆန်းလောက်မှာ အစပြုလာဖို့ မျှော်လင့်ကြောင်း ဝန်ကြီးက မှတ်ချက် ပေးခဲ့ပါတယ်။

သီရိလင်္ကာ အစိုးရဟာ ဧပြီလကတည်းက ကားတွေ၊ ဆိုင်ကယ်တွေကို တစ်ကြိမ်ဆီဖြည့်ရင် ပမာဏ ဘယ်လောက်ပဲ အကန့်အသတ်နဲ့ ရနိုင်မယ် ဆိုတာမျိုး ကြေညာထားပြီးသားပါ။ အခုတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာမယ့် သဘောပါပဲ။

အစိုးရက ဆိုင်ကယ်တွေအတွက် တစ်ကြိမ် ဆီဖြည့်ရင် ၄ လီတာ၊ သုံးဘီးကားတွေအတွက် ၅ လီတာနဲ့ မော်တော်ကားတွေအတွက် ၁၉.၅ လီတာထက် ပိုမဖြည့်ပေးဖို့ ဆီဆိုင်တွေကို ညွှန်ကြားထားပါတယ်။ အဲဒီထက် ဆီပိုဖြည့်ချင်ရင် ကားတန်းရှည်ကြီးရဲ့ နောက်ဆုံးကနေ ပြန်တန်းစီရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဆီဝယ်ဖို့ တန်းစီရတဲ့ ယာဉ်တန်းကြီးတွေက ပိုရှည်လာပြီး တချို့နေရာမှာ ရာနဲ့ချီတဲ့ ကားတွေ၊ ထောင်နဲ့ချီတဲ့ ဆိုင်ကယ်တွေ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။ ဆီရဖို့ တန်းစီတဲ့အခါ တချို့က နာရီပေါင်းများစွာတင် မကဘဲ ရက်နဲ့ချီ ကြာတာတွေထိ ရှိလာပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က သီရိလင်္ကာ အစိုးရဟာ ရုရှားဆီက ရေနံစိမ်းတွေ ရရှိခဲ့ပေမယ့်လည်း ကျွန်းနိုင်ငံငယ်မှာ ပြန်လည် သန့်စင် ချက်လုပ်နိုင်တဲ့ လောင်စာဆီ ပမာဏဟာ စုစုပေါင်း နေ့စဉ် လိုအပ်ချက်ရဲ့ ၁၀ ပုံ ၁ ပုံတောင် မပြည့်ဘူးလို့ ဝီဂျီဆက်ကီရာက ဝန်ခံခဲ့ပါတယ်။ လောလောဆယ် သီရိလင်္ကာ အစိုးရဟာ ရုရှား သံရုံးကို ချဉ်းကပ်ပြီး နောက်ထပ် ရုရှားရေနံတွေ ပိုမိုရရှိဖို့ အကူအညီ တောင်းခံထားတယ်လို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ပြည်နယ် အစိုးရ အသီးသီးနဲ့ ဗဟိုအစိုးရတွေက မေ ၂၀ ကစလို့ ကျောင်းတွေကို ယာယီ ပိတ်ထားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သီရိလင်္ကာမှာ အခုဆိုရင် ဓာတ်ဆီက ဘယ်မှာမှ ရှာလို့ မရသလောက်နီးပါး ဖြစ်သွားသလို ဒီဇယ်နဲ့ တခြားလောင်စာဆီတွေလည်း အရမ်း နည်းပါးနေပါပြီ။

နိုင်ငံတကာ

သီရိလင်္ကာ ဗဟိုဘဏ်က အစိုးရ အနေနဲ့ ဝန်ထမ်းလစာတွေ ပေးချေဖို့အတွက် ငွေစက္ကူ အသစ်တွေ ရိုက်နှိပ်မယ်လို့ ထုတ်ပြန်ထားပြီး ဒီလုပ်ရပ်ကြောင့် ငွေတန်ဖိုး ကျသထက် ကျမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ သီရိလင်္ကာဟာ ကပ်ရောဂါ ကာလမှာ နိုင်ငံရဲ့ ပင်မ စီးပွားရေး ကဏ္ဍကြီး တစ်ခုဖြစ်တဲ့...

နိုင်ငံတကာ

မေလ ၉ ရက် မနက်ပိုင်းကစလို့ နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေ ဆိုးသထက် ဆိုးလာနေပြီး လူ ၅ ဦးထက်မနည်းသေ၊ ၁၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူတွေထဲမှာ သီရိလင်္ကာ လွှတ်တော်အမတ် တစ်ဦးလည်း ပါဝင်ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာမှာ မတ်လကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အစိုးရက အရေးပေါ် အခြေအနေတွေ၊ ညမထွက်ရ အမိန့်တွေ ကြေညာခဲ့ဖူးပေမယ့် ဆန္ဒပြမှုတွေကို မတားဆီးနိုင်တာကြောင့် အဲဒီ အမိန့်တွေကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အခုတစ်ခါ အသစ်ထပ်ပြီး ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကလည်း ၁၄ ရက်အတွင်း လွှတ်တော်ရဲ့...