Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်ပေးမယ့်လုပ်ရပ် ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို ကုလလူ့အခွင့်အရေးမင်းကြီးတိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။

Fabrice Coffrini
Fabrice Coffrini

ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပါအဝင် ဖမ်းဆီးထားသူတွေကို သေဒဏ်စီရင်မယ့်လုပ်ရပ် ရပ်တန့်ဖို့ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က ဇွန်လ ၁၄ ရက်ကတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးမှုကို နှစ်ပေါင်း ၃၀ ကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် အကောင်အထည်ဖော်မယ့် ဒီစီစဉ်မှုဟာ “အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ် ” လို့လူ့အခွင့်အရေးမဟာမင်းကြီးကပြောပါတယ်။

“ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ စစ်ကောင်စီ ကို အရေးတကြီးတောင်းဆိုပါတယ်” လို့ မစ်ရှဲလ် ဘက်ချလက် ဆိုပါတယ်။

စစ်ကောင်စီဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD အမတ်ဟောင်း ကိုဇေယျာသော် အပါအဝင် အမျိုးသား ၄ ဦး ရဲ့ သေဒဏ် ကိုအတည်ပြုလိုက်ပြီး ကွပ်မျက်ဖို့ ဆက်လက်အကောင်အထည်ဖော်မယ်လို့ အတိအလင်းပြောထားပါတယ်။

ဒီလုပ်ရပ်ကို ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။ အမေရိကန် အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။

အာဆီယံ ဥက္ကဋ္ဌ ဖြစ်သူကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကဆို စစ်ကောင်စီခေါင်းဆောင်ထံစာပေးပို့ပြီး ကွပ်မျက်မယ့်အစီအစဉ်ကို ရပ်တန့်ဖို့တောင်းဆိုထားပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ကွပ်မျက်ရင် ဆိုးကျိုးတွေဆက်ဖြစ်လာမယ်လို့ ဟွန်ဆန်က စစ်ကောင်စီကို ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။

သတင်း

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ဖော်ဆောင်နေသည့် လူငယ် ၃၀ ကျော်ကို ဇွန်လ၁၃ ရက်ညက အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှူကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ဝက္ကတောရွာ၊သစ်ကြီးတောရွာဘက်သို့ဆက်လက် စစ်ကြောင်းထိုးပြီး သစ်ကြီးတောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း N-YSOက ထုတ်ပြန်သည်။