Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်းတပင်မြို့နယ်တွင် KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၂ဦးသေ ၁ဦးဒဏ်ရာရ

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

(နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDFများ၏ ခုခံတွန်းလှန်စစ်အရှိန်မြှင့်လာသဖြင့်စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုပိုများလာသည်။)
(နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDFများ၏ ခုခံတွန်းလှန်စစ်အရှိန်မြှင့်လာသဖြင့်စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုပိုများလာသည်။)

●စစ်ကောင်စီတပ် ထပ်မံစစ်ကြောင်းထိုးလာ၍ တိုက်ခိုက်ရန် အသင့်စောင့်နေဟုဆို

●ဇွန် ၁၂ရက်တွင်ခလရ၇၃အားတိုက်ခိုက်ရာစစ်သား၃ ဦး​သေ ၃ဦးဒဏ်ရာရ

ပဲခူးတိုင်းထန်းတပင်မြို့နယ်တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီး စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့ကြောင်း အမှတ် -၃၅၀၂ တပ်ရင်း စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ဖြစ်တာ ။သူတို့ဘက်က သုံးယောက်ထိတယ်။ နှစ်ယောက်က နေရာတင်သေ၊ တစ်ယောက်က ဆေးရုံတင်။ ဒီဘက်က အကျအဆုံးမရှိဘူး” ဟု တပ်ရင်း ၃၀၅၂စစ်ကြောင်းမှ ရဲဘော်က ပြောသည်။

ယနေ့တွင်လည်း ထန်းတပင်မြို့နယ် အင်းကျော်မှ စစ်​ကောင်စီအင်အား ၆၀ ​ကျော်၊ ရှားသီးဖို အင်အား ၆၀ နှင့်ဘုမထီးမှ အင်အား ၆၀ စီဖြင့်စစ်ကောင်စီတပ်များက ထပ်မံစစ်ကြောင်းထိုးလာ၍ တိုက်ခိုက်ရန် အသင့်အနေအထားစောင့်ဆိုင်းနေသည်ဟု တပ်ရင်း ၃၀၅၂ စစ်​ကြောင်းမှသိ့ရသည်။

ထိုအပြင်စစ်​ကောင်စီတပ်၏ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအ​ခြေစိုက် ခလရ ၇၃ ၏​ဘောလုံးကွင်းမှ ၁၂၀ မမ ​လေးလက်ဖြင့်ချိန်ထား​ကြောင်းလည်းသိရသည်။

ဇွန်လ ၁၂ရက် ညပိုင်းကလည်း ထန်းတပင်မြို့နယ် ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီ၏ ခလရ(၇၃) တပ်ကို KNLA/PDF ပူးပေါင်းထားသည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်းက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်။​သေဆုံးခဲ့သည့်အထဲတွင် စစ်​​​ကောင်စီတပ်မှ ရဲ​မေ တစ်ဦးပါဝင်​ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူများ သတင်းပေးပို့နိုင်သည့် ကာကွယ်ရေးဝန် ကြီးဌာနသို့ဆက်သွယ်ရမည့် လိပ်စာများမှာ Telegram - info2mod ၊ Email - info2mod@mod.nugmyanmar.org တို့ဖြစ်ကြော်း ဖော်ပြထားသည်။

သတင်း

ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ​၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။